ကုန်း၊ ရေ၊ လေ အခမဲ့ယာဉ်စီးခွင့်များ လျှောက်ထားပေးခြင်းနှင့် သက်တမ်းတိုးမြှင့်ပေးနည်း

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

နိုင်ငံတော်မှ လွတ်လပ်ရေးနေ့တွင် နှစ်စဉ်ချီးမြှင့်ဆက်ကပ်လျက်ရှိသော အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်၊ အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်၊ မဟာဓမ္မကထိကဗဟုဇနဟိတဓရဘွဲ့ တံဆိပ်တော်နှင့် ဓမ္မကထိက ဗဟုဇန ဟိတဓရဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများ၊ တိပိဋကဓရ တိပိဋက ကောဝိဒရွေးချယ်ရေးစာမေးပွဲတွင် ပိဋကတ်သုံးပုံအောင်၊ နှစ်ပုံအောင်နှင့် တစ်ပုံအောင်ဆရာတော်များအတွက်သာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါသည်။ အဘိဓဇမဟာ ရဋ္ဌဂုရုဘွဲ့တံဆိပ်တော်နှင့် တိပိဋကဓရ တိပိဋကကောဝိဒ သုံးကျမ်းအောင် ဆရာတော်များအတွက် ကပ္ပိယတစ်ဦးနှင့်ပစ္ဆာသမဏ တစ်ဦးအပါအဝင် ကုန်း၊ ရေ၊ လေအခမဲ့ ယာဉ်စီးခွင့်လက်မှတ်နှင့် ကျန် ဆရာတော်များ အတွက် ကပ္ပိယ(သို့)ပစ္ဆာသမဏ တစ်ပါး/ဦး အပါအဝင် ကုန်း၊ ရေ အခမဲ့ ယာဉ်စီးခွင့် လက်မှတ်များကို ဆက်ကပ်လှူဒါန်းပါသည်။ ထို့အပြင် ဘာသာသာသနာရေးနှင့် ဆက်စပ် နေသော အခြားဘာသာဝင် ဂိုဏ်းအဖွဲ့များမှ အကျင့်သီလ၊ ပညာ၊ သမာဓိဂုဏ်တို့ဖြင့် ပြည့်စုံ၍ ဦးစီး ခေါင်းဆောင် အဆင့်ပိုင်းရှိ သာသနာပိုင်၊ ဂိုဏ်းချုပ်၊ ဂိုဏ်းအုပ်၊ ဂိုဏ်းထောက်နှင့် အလားတူ အဆင့်အတန်းရှိ သက်ဆိုင်ရာ သာသနာ့ဝန်ထမ်းပုဂ္ဂိုလ်ကြီးများကိုလည်း ကုန်း၊ ရေ အခမဲ့ ယာဉ်စီးခွင့်လက်မှတ်များကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

လိုအပ်သော စာရွက်စာတမ်းများ

ဘွဲ့တံဆိပ်ဆက်ကပ်သည့်အမိန့်ကြေငြာစာ၊ တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ အောင်စာရင်း၊ ကတ်ပြားတစ်ခုအတွက် ဓာတ်ပုံ(၂)ပုံ

ဝန်ဆောင်ခ

အခမဲ့

လျှောက်ထားရန်အဆင့်များ

အထက်ပါအချက်အလက်များနှင့် ကိုက်ညီပါက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိပါသည်။

ဆက်သွယ်ရမည့်လိပ်စာ

ရုံးအမှတ်(၃၁)၊ သာသနာရေးဦးစီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ နေပြည်တော်

တည်နေရာများ

ရုံးအမှတ်(၃၁)၊ သာသနာရေးဦးစီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ နေပြည်တော်

Website လိပ်စာ

မရှိပါ။

Credit-myanmar.gov.mm