မျိုးစေ့လုပ်ငန်း လိုင်စင်
မျိုးစေ့လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် လျှောက်ထားခြင်း
လိုင်စင်/ပါမစ် ထုတ်ပေးသည့်ဌာန
စိုက်ပျိုးရေးဦးစီးဌာန
ရည်ရွယ်ချက်
မျိုးစေ့လုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ စနစ်တကျ စီမံခန့်ခွဲနိုင်ရန်နှင့် လိုင်စင်ရရှိပြီးသူများအား ဥပဒေအရ အကာအကွယ်ပေးနိုင်ရန်
လိုအပ်သည့်စာရွက်စာတမ်း
ပထမဦးစွာ လျှောက်ထားသူမှ mairs.doa.gov.mm တွင် Account Registration ပြုလုပ်ရန် လိုအပ်ပါသည်။
မျိုးစေ့ဥပဒေဆိုင်ရာလုပ်ထုံးလုပ်နည်းများ(၂၀၁၆)၊ ပုံစံ(၈)အရ,
လျှောက်လွှာကို mairs.doa.gov.mm တွင် ဖြည့်ရန်
အောက်ပါတို့ပူးတွဲရန်
– မျိုး၏ဓါတ်ပုံမှတ်တမ်းများ
– အပင်မျိုးမွေးမြူသူ/ အသိအမှတ်ပြုလက်မှတ်ရရှိသူ/ အဖွဲ့အစည်း ၏ သဘောထားမှတ်ချက်
– ထုတ်ပိုးမှုပုံစံ(ရှေ့၊ နောက်)
လုပ်ငန်းစဉ်အဆင့်
Myanmar Agricultural Inputs Registration System, MAIRS (mairs.doa.gov.mm) တွင် online စနစ်ဖြင့် လျှောက်ထားနိုင်သည်။
မျိုးစေ့လုပ်ငန်းလိုင်စင်ခ
ကျပ်သုံးသိန်းတိတိ၊ သက်တမ်း (၅)နှစ်
ကြာမြင့်ချိန်
အလုပ်လုပ်ရက် (၄) ရက်မှ (၅) ရက်
လက်မှတ်ရေးထိုးသည့် ရာထူး/အဆင့်
ညွှန်ကြားရေးမှူးချုပ် (စိုက်ပျိုးရေးဦးစီးဌာန)
(ဥက္ကဌ၊ မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီ)
ဥပဒေ/နည်းဥပဒေအမည်နှင့် အညွှန်းပုဒ်မ/ အပိုဒ်နံပါတ်
မျိုးစေ့ဥပဒေ ပုဒ်မ ၁၆၊ ပုဒ်မခွဲ (က) အရ
MAIRS, user account ပြုလုပ်ပုံနှင့် အသုံးပြုပုံအား စိုက်ပျိုးရေးဦးစီးဌာန၏ YouTube Channel ဖြစ်သော DOA E-Services (https://www.youtube.com/c/DOAEservices) တွင်ဝင်ရောက်လေ့လာနိုင်ပါသည်။
မျိုးစေ့ဌာနခွဲ၏ အချက်အလက်များအား အသေးစိတ်သိရှိလိုပါက www.myanmarseedportal.gov.mm တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။
အခြားသိရှိလိုသည်များအား တိုက်ရိုက်မေးမြန်းစုံစမ်းလိုပါက မျိုးစေ့ဌာနခွဲ၏ ဖုန်းနံပါတ် – +9567-3410385, 3410328 သို့ ရုံးချိန်အတွင်းမေးမြန်းဆောင်ရွက်နိုင်ပါသည်။
Credit: www.doa.gov.mm