ဗီဇာနှင့်ပတ်စပို့လျှောက်ထားခြင်း

ဆိုက်ရောက်ဗီဇာ လျှောက်ထားခြင်း

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန / SEPTEMBER 19, 2018
​​​​​​​၀န်ဆောင်မှုအကြောင်းအရာ

အပြည်ပြည်ဆိုင်ရာလေဆိပ် (၃)ခုသို့ ဆိုက်ရောက်ချိန်တွင် သတ်မှတ်အထောက်အထားများတင်ပြ၍ ဆိုက်ရောက်ဗီဇာ လျှောက်ထားနိုင်ပါသည်။

ခွင့်ပြုသည့်လေဆိပ်များ
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (Yangon International Airport)

မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် (Mandalay International Airport)

နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ် (Nay Pyi Taw International Airport)

​​​​​​​​​​​​​​​​​​​​​

ဗီဇာအမျိုးအစားများ
ဗီဇာအမျိုးအစားများ

နေခွင့်

ဗီဇာကြေး

လုပ်ငန်းဗီဇာ (Business Visa)

၇၀ ရက်

အမေရိကန်ဒေါ်လာ ၅၀

အလုပ်ရုံ/ ဆွေးနွေးပွဲ/ အစည်းအဝေး/ သုတေသနဗီဇာ

(Workshop/ Seminar/ Meeting/ Research Visa)

၂၈ ရက်

အမေရိကန်ဒေါ်လာ ၄၀

ဖြတ်သန်းဗီဇာ (Transit Visa)

၂၄ နာရီ

အမေရိကန်ဒေါ်လာ ၂၀

ယာဉ်အမှုထမ်းဗီဇာ (Crew Visa)

၂၈ ရက်

အမေရိကန်ဒေါ်လာ ၄၀

​​​​​​​

ခွင့်ပြုနိုင်ငံများ
ဆိုက်ရောက်ဗီဇာ ခွင့်ပြုသည့် နိုင်ငံစာရင်းအား http://www.mip.gov.mm/on-arrival-visa/ တွင် ကြည့်ရှုနိုင် ပါသည်။

ဆိုက်ရောက်ဗီဇာ ရယူရန် အခြေခံလိုအပ်ချက်များ
http://www.mip.gov.mm/on-arrival-visa/ တွင် ကြည့်ရှုနိုင်ပါသည်။

ဝန်ဆောင်ခ
အထက်တွင် ဖော်ပြထားသည့်အတိုင်း ဖြစ်ပါသည်။

ဝန်ဆောင်မှု ရရှိနိုင်မည့် တည်နေရာ
ဆိုက်ရောက်ဗီဇာ (Visa On Arrival) လျှောက်လွှာပုံစံကို လေကြောင်းလိုင်းများတွင် လည်းကောင်း၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ Website ဖြစ်သော http://www.mip.gov.mm/on-arrival-visa/ တွင်လည်းကောင်း ထုတ်ယူ၍ ရန်ကုန်၊ မန္တလေး နှင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ ဆိုက်ရောက်ဗီဇာကောင်တာတွင် တင်ပြ လျှောက်ထားနိုင်သည်။

နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းနှင့် သက်တမ်းတိုးခြင်း

ပြည်ထဲရေးဝန်ကြီးဌာန / APRIL 20, 2018

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

လျှောက်ထားသူအားလုံးပါရှိရမည့် အထောက်အထား

  • နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်းနှင့် မိတ္တူ (၂)စုံ
  • အိမ်ထောင်စုစာရင်း မူရင်းနှင့် မိတ္တူ (၂)စုံ
  • အသက် (၁၂) အောက်ဖြစ်လျှင် မွေးစာရင်း မူရင်းနှင့် မိတ္တူ (၂)စုံ

သင်္ဘောသားများဖြစ်ပါက

  • ပြည်တွင်းရေကြောင်းမှ ခြေခံပင်လယ်ပြင် အသက်အန္တရာယ်လုံခြုံမှု သင်တန်းဆင်းလက်မှတ် မူရင်းနှင့် မိတ္တူ (၂)စုံ
  • သက်တမ်းတိုးပါက မြန်မာနိုင်ငံကူးလက်မှတ် စာအုပ်ဟောင်း၊ သင်္ဘောသားလုပ်သက်မှတ်တမ်း (CDC) စာအုပ်မူရင်းနှင့် မိတ္တူ (၂)စုံ

စီးပွားရေးမနလလျှောက်ထားသူများ

  • ကုမ္ပဏီမှတ်ပုံတင်မူရင်းနှင့် မိတ္တူ (၂)စုံ
  • ပုံစံ (၂၆/၂၆) မူရင်းနှင့် မိတ္တူ (၂)စုံ

ကျောင်း/သင်တန်းများတက်ရောက်လိုလျှင် 

  • သက်ဆိုင်ရာကျောင်း၏ ခေါ်စာနှင့် မိတ္တူ (၂)စုံ
  • ပြည်ပအလုပ်အကိုင်အတွက် လျှောက်ထားသူများ
  • အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ထုတ်ပေးထားသည့် နိုင်ငံခြား အလုပ်သမား မှတ်ပုံတင်ကတ်ပြား မူရင်းနှင့် မိတ္တူ (၂)စုံ

မှီခိုလျှောက်ထားသူများ

  • နိုင်ငံခြားသား မှီခိုဖြစ်ပါက အပြန်လေယာဉ်စရိတ်ပေးသွင်းပြီးကြောင်း ထောက်ခံစာ
  • လက်ထပ်စာချုပ်ကဲ့သို့သော အထောက်အထားများ

ရဟန်းသံဃာများ၊ သီလရှင်များ

  • သာသနာဝင်ကတ်ပြား မူရင်းနှင့် မိတ္တူ (၂)စုံ
  • မြို့နယ်သံဃနာယကအဖွဲ့၏ ထောက်ခံချက် မူရင်းနှင့် မိတ္တူ(၂)စုံ

ဝန်ထမ်းများ

  • သက်ဆိုင်ရာဝန်ကြီးဌာန၏ ပြည်တွင်းပြည်ပတွင် ခံစားခွင့်မူရင်းနှင့် မိတ္တူ (၂)စုံ
  • တပ်မတော်သား မိသားစုဝင်များ
  • ကက (ကြည်း) ၏ ထောက်ခံချက်မူရင်းနှင့် မိတ္တူ (၂)စုံ

ပြစ်ဒဏ်ကျခံဘူးသူများ

  • ထောင်ထွက်လက်မှတ် မူရင်းနှင့် မိတ္တူ (၂)စုံ
  • GREEN CHANNEL-GC 
  • ဆေးကု၊ ဆေးကုဖော်၊ ပညာရေး၊ သင်တန်း၊ ကျောင်း၊ ပြပွဲ၊ ပြိုင်ပွဲ၊ လေ့လာရေး၊ အစည်းအဝေး၊ ဆွေးနွှေးပွဲ၊ ပြည်ပသို့ ခွင့်ဖြင့် သွားရောက်မည့် နိုင်ငံ့ဝန်ထမ်းများ၊ ပြည်ပမှ ခွင့့်ဖြင့်ပြန်လာသူများ၊ နိုင်ငံကူးလက်မှတ်တွင် သက်တမ်းကျန်ပြီး စာရွက်ကုန်၍ ပြန်လည်လျှောက်ထားသူများအား GREEN CHANNEL အစီအစဉ်ဖြင့် လျှောက်ထားပြီး (၅)ရက်အကြာတွင် စာအုပ်ထုတ်ပေးပါသည်။

သီးသန့်ဆောင်ရွက်ပေးမှု

  • ရဟန်းသံဃာများ၊ သီလရှင်များ
  • အသက် (၆၀)အထက်၊ အသက် (၁၀)နှစ်အောက်၊ 
  • ကိုယ်ဝန်ဆောင်မိခင်များ၊ ကျန်းမာရေးချို့တဲ့နေသူများအား 
  • ရုံး၏ပထမထပ်တွင် သီးသန့်ဆောင်ရွက်ပေးလျက်ရှိပါသည်။ 

အိမ်တိုင်ရာရောက်ဆောင်ရွက်ပေးမှု အခြေအနေ

  • အသက် (၆၀)ကျော်နှင့်အထက်
  • ဆေးရုံ၊ ဆေးခန်းများတွင် ဆေးဝါးကုသမှု ခံယူနေသူများ၊ 
  • ကျန်းမာရေး အခြေအနေအရ ကိုယ်တိုင်လာရောက်နိုင်ခြင်း မရှိသူများ၊

ကာယကံရှင်မှ စိစစ်ရမည့် အချက်များ

  • အမည် အင်္ဂလိပ်စာလုံးပေါင်း မှန်ကန်မှု ရှိ၊ မရှိ
  • မွေးသက္ကရာဇ် မှန်ကန်မှု ရှိ၊ မရှိ
  • ကျား/မ ရေးသွင်းချက် မှန်ကန်မှု ရှိ၊ မရှိ
  • မွေးဇာတိမှန်ကန်မှု ရှိ၊ မရှိတို့အား
  • Slip ရရှိချိန်တွင် လျှောက်ထားသူကိုယ်တိုင် စိစစ်ရမည်ဖြစ်သည်။

ဝန်ဆောင်ခ

  • မြန်မာ့စီးပွားရေးဘဏ် (မနလစာအုပ်ဖိုး)                        ၁၉ ၀၀၀ ကျပ်
  • Online ဝန်ဆောင်ခ                                                    ၁ ၀၀၀ ကျပ်
  • မနလဆေးဖိုး၊ မင်ဖိုးနှင့် ပြုပြင်ထိန်းသိမ်းခ                      ၁ ၀၀၀ ကျပ်
  • ဓာတ်ပုံဖိုး                                                                  ၂ ၀၀၀ ကျပ်
  • လျှောက်လွှာပုံစံ                                                             ၂၀၀ ကျပ်
  • စက်ပစ္စည်းနှင့် ဝန်ဆောင်ခ                                           ၁ ၈၀၀ ကျပ်
  • စုစုပေါင်း                                                                ၂၅ ၀၀၀ ကျပ်

ဆက်သွယ်ရမည့်လိပ်စာ

နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး၊ ရန်ကုန်။

Credit: myanmar.gov.mm