ချင်းပြည်နယ်အစိုးရအဖွဲ့ / OCTOBER 05, 2021
(၁) လျှောက်ထားသူကိုယ်တိုင် လက်မှတ်ရေးထိုးထားသော လျှောက်လွှာမူရင်း
– သက်ဆိုင်ရာကုမ္ပဏီ/ အဖွဲ့အစည်း၏ တာဝန်ရှိသူကိုယ်တိုင် လက်မှတ် ရေးထိုးထားပြီး ညွှန်ကြားရေးမှူးချုပ် သတ္တုတွင်းဦးစီးဌာနသို့ လိပ်မူထားသော လျှောက်လွှာမူရင်း၊
– ကုမ္ပဏီအမည်ဖြင့် လျှောက်ထားလာပါက လက်မှတ်ရေးထိုးသူသည် ကုမ္ပဏီ ပုံစံ(၂၆) တွင်ပါရှိသည့် ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်ရပါမည်။
(၂) သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသို့ လိပ်မူထားသော သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့၏ ထောက်ခံစာ (မူရင်း)။
(၃) သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ထောက်ခံစာ။
(၄) သက်ဆိုင်ရာမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ထောက်ခံစာ။
(၅) သက်ဆိုင်ရာ မြို့နယ်မီးသတ်ဦးစီးဌာန၏ ထောက်ခံစာ။
(၆) မြေပိုင်ဆိုင်မှု အထောက်အထား
– ဂရန်/ လယ်ယာမြေဖြစ်ပါက မြေစာရင်းပုံစံ ၁၀၅/၁၀၆၊
– လယ်ယာမြေအခြားနည်းအသုံးပြုခွင့် ပုံစံ ၁၅ – က။
(၇) အရပ်လေးမျက်နှာရှိ နေထိုင်သူ ပတ်ဝန်းကျင် (၄)ဦး၏ ထောက်ခံချက်နှင့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်။
(၈) တည်နေရာပြပုံ (Layout Plan)
– အင်ဂျင်နီယာလက်မှတ်ပါရှိသည့် ဆီသိုလှောင်ကန်၏ တည်နေရာပြ Layout Plan A3 Size (မူရင်း)။
(၉) ဆီသိုလှောင်ကန်များ အသေးစိတ်ပုံ (Detail Drawing)
– အင်ဂျင်နီယာလက်မှတ်ပါရှိသည့် ဆီသိုလှောင်ကန်၏ အသေးစိတ်ပုံ Detail Drawing A3 Size (မူရင်း)။
(၁၀) လျှောက်ထားသူကိုယ်တိုင် သို့မဟုတ် ကုမ္ပဏီ ပုံစံ (၂၆)တွင် ပါရှိသည့် ဒါရိုက်တာ အဖွဲ့ဝင်တစ်ဦးမှ ညွှန်ကြားရေးမှူးချုပ်ရှေ့တွင် ကိုယ်တိုင်ကတိခံဝန်ချက်။
(၁၁) ကုမ္ပဏီအနေဖြင့်လျှောက်ပါက ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန မှ ထုတ်ပေးထားသည့် ကုမ္ပဏီမှတ်ပုံတင်လက်မှတ်နှင့် ပုံစံ (၂၆)။
Credit : https://myanmar.gov.mm/