နှစ်တိုငွေပင်ငွေရင်းအသက်အာမခံ – မြန်မာ့အာမခံ

  • အသက် (၁၀) နှစ်မှ (၆၀) နှစ်အတွင်းထားရှိနိုင်
  • အာမခံထားသူသည် အသက် (၁၀) နှစ်မှ (၁၈) နှစ်အတွင်းရှိသူဖြစ်လျှင် မိဘ/ အုပ်ထိန်း သူ၏ ခွင့်ပြုချက်စာဖြင့် အသက်အာမခံထားရှိနိုင်
  • အာမခံသက်တမ်း ၅ နှစ် ၊ ၇ နှစ် ၊ ၁၀ နှစ်ထားနိုင်
  • သို့ရာတွင် အသက် (၅၆) နှစ်မှ (၅၈) နှစ်ထိရှိသူများမှာ အာမခံသက်တမ်း (၇) နှစ်ထိ၊ အသက် (၅၉) နှစ်မှ (၆၀) နှစ်ထိရှိသူများမှာ အာမခံသက်တမ်း (၅) နှစ်ထိ ရွေးချယ် ထားနိုင်
  • အနည်းဆုံး ကျပ် (၁၀) သိန်းမှ အများဆုံးကျပ်သိန်း( ၅၀၀) ထိထားရှိနိုင်
  • အာမခံထားငွေ ကျပ်သိန်း (၅၀) အထက် ကျော်လွန်ပါက အာမခံထားသူသည် ကျန်းမာရေးစစ်ဆေးမှုခံယူရန်လိုအပ်
  • ပရီမီယံကို အနည်းဆုံး (၁) နှစ်ပေးသွင်းပြီးပါက ပေါ်လီစီအတည်ဖြစ်
  • ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အသိအမှတ်ပြုထားသည့် ဆေးရုံ/ဆေးခန်းများ မှ ဆရာဝန်များ၏ ကျန်းမာရေးစစ်ဆေးချက်လိုအပ်
    • Physical Examination & Assessment
    • Laboratory Analysis
    • Radiology Tests
    • Other Clinical Assessments
  • မြန်မာ့အာမခံလုပ်ငန်းမှ ကျခံပေးမည့် ဆေးစစ်ခများ
    • အာမခံထားငွေကျပ်သိန်း ၅၀ အထက်မှ ကျပ်သိန်း ၂၀၀ အောက်    (ကျား− ၃၅၀၀၀/− ၊ မ− ၅၀၀၀၀/−)
    • အာမခံထားငွေကျပ်သိန်း ၂၀၀ နှင့်အထက်    (ကျား− ၅၀၀၀၀/− ၊ မ− ၇၅၀၀၀/−)
  • ပရီမီယံကို ၁ လ၊ ၃ လ၊ ၆ လ ၊ ၁၂ လတစ်ကြိမ် အရစ်ကျပေးသွင်းနိုင်
  • အာမခံအကျိုးခံစားခွင့်အား မည်သူ့ကိုမဆိုတစ်ဦးတည်းဖြစ်စေ (သို့) တစ်ဦးထက်ပို၍ ဖြစ်စေ ကြိုက်နှစ်သက်ရာ ရာခိုင်နှုန်းအချိုးအစားအလိုက်လွှဲပြောင်းပေးနိုင်
  • အာမခံတံဆိပ်ခေါင်းကပ်ရန်လိုအပ်

အကျိုးခံစားခွင့်များ−

  • နှစ်စေ့ပေါ်လီစီသက်တမ်းစေ့ရောက်သည့်နေ့တွင်အာမခံထားငွေကိုတစ်လုံးတည်းထုတ်ယူနိုင်
  • သေဆုံးမှုအာမခံသက်တမ်းအတွင်း ပေါ်လစီတည်မြဲနေစဉ် အလိုအလျောက် ပေါ်လစီ တည်မြဲနေစဉ် အာမခံထားသူသေဆုံးပါက အကျိုးခံစားခွင့်ရှိသူကို သေဆုံးမှုအကျိုးခံစား ခွင့်ထုတ်ပေး
  • ထာဝစဉ်မသန်စွမ်း− အာမခံထားသူသည် ပေါ်လီစီတည်မြဲနေစဉ်အတွင်း ရုတ်တရက် ထိခိုက်ခြင်းကြောင့်၊ ရောဂါကြောင့်ထာဝစဉ်မသန်စွမ်းဖြစ်၍ ဝင်ငွေရရှိသောအလုပ် အကိုင်ကို လုံးဝမလုပ်ကိုင်နိုင်လျှင် အာမခံထားငွေကို တစ်လုံးတည်းထုတ်ပေး

အခြားအကျိုးခံစားခွင့်များ

  • ပေါ်လစီကိုစာရင်းပိတ်နိုင်ခြင်း− စာရင်းပိတ်တန်ဖိုး=(အာမခံထားငွေxပရီမီယံပေးပြီးနှစ်)

                                                                       အာမခံသက်တမ်း

  • အမ်းငွေထုတ်ယူနိုင်ခြင်း− ပရီမီယံ ၁ နှစ်ဆက်တိုက်ပေးသွင်းပြီးပါက ဆက်လက်ပေး သွင်းခြင်းမပြုနိုင်သဖြင့်အမ်းငွေတောင်းခံခြင်း(အမ်းငွေရသင့်တန်ဖိုးနှုန်းထားပါဇယားအတိုင်း)
  • ငွေချေးယူနိုင်ခြင်း− အမ်းငွေရသင့်တန်ဖိုး၏ ၉၀% အထိချေးယူနိုင်၊ ငွေ ၁ ကြိမ်ချေးခ ၁၀၀၀ ကျပ်၊ အတိုးနှုန်း ၈%

အောက်ပါအကြောင်းများကြောင့် ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း၊ သေဆုံးခြင်းများ ဖြစ်ခဲ့လျှင် အကျိုးခံစားခွင့်မရရှိနိုင်ဘဲ ပေးသွင်းပြီးပရီမီယံကိုသာ ပြန်ထုတ် ပေးခြင်း

  • အာမခံစသည့်နေ့မှတစ်နှစ်အတွင်းမိမိကိုယ်ကိုသတ်သေခြင်း၊
  • အာမခံဝယ်ယူစဉ်ကဖော်ပြရန်ထိန်ချန်ခဲ့သောရှိရင်းစွဲရောဂါကြောင့်တစ်နှစ်အတွင်း သေဆုံးခြင်း၊ ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း
  • မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့်ဖြစ်သည့် ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း
  • ဘေးအန္တရာယ်ဖြစ်စေသောဆေးကိုမှီဝဲခြင်းကြောင့်ဖြစ်သည့်ထာဝစဉ်မသန်စွမ်း ဖြစ်ခြင်း
  • ကြိုတင်ရည်ရွယ်ချက်ဖြင့် မိမိကိုယ်ကိုအနာတရ ဖြစ်အောင်လုပ်ခြင်းကြောင့်ဖြစ်သည့် ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း။
  • မိမိကိုယ်ကိုသတ်သေခြင်းကြောင့်မသေဘဲ ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း
  • ကိုယ်တိုင်ရာဇဝတ်မှုကျူးလွန်ခြင်းကြောင့် ဖြစ်သည့်ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း
  • အာမခံကိုယ်စားလှယ်ဖြင့် ထားရှိနိုင်၊ ကော်မရှင် ပ−နှစ် ၁၅%၊ ဒု−နှစ် ၃%
  • ဝင်ငွေခွန်သက်သာခြင်း
  • အာမခံအကျိုးခံစားခွင့်ပေါ်တွင် အခွန်ကင်းလွတ်ပိုင်ခွင့်ရှိခြင်း။

Credit – https://www.mminsurance.gov.mm/