- သင်္ဘောနှင့် မည်သည့်စက်တပ်ရေယာဉ်ပေါ်တွင်မဆို တာဝန်ထမ်းဆောင်သူများအတွက် လုပ်ငန်းရှင်များမှ အာမခံထားရှိနိုင်
- အာမခံသက်တမ်း ၁ နှစ်
- အာမခံထားငွေ- အနည်းဆုံး ၁ ယူနစ် ကျပ် ၅ သိန်း မှ အများဆုံး ၁၀ ယူနစ် ကျပ် သိန်း ၅၀ အထိ ထားရှိနိုင်
- ပရီမီယံနှုန်း- တစ်ယူနစ်လျှင် ကျပ် ၃၅၀၀
လျော်ကြေးအကြုံးမဝင်သောကိစ္စရပ်များ
- ရေယာဉ်ပေါ်သို့ မတက်ရောက်မီနှင့် ရေယာဉ်ပေါ်မှဆင်းပြီးနောက် ကာလတွင် ဖြစ်ပေါ် သည့် မတော်တဆထိခိုက်မှု
- မူးယစ်ဆေးဝါးသုံးစွဲခြင်း
- ကြိုတင်ကြံရွယ်ချက်ဖြင့်ပြုလုပ်ခြင်း
- မိမိကိုယ်မိမိသေကြောင်းကြံခြင်း
- ရေယာဉ်ပေါ်တွင်ပြစ်မှုကျူးလွန်သူဖြစ်ခြင်း
အကျိုးခံစားခွင့်တောင်းခံရာတွင် လိုအပ်သောအချက်များ
- အာမခံထားသူအလုပ်ရှင်မှဖြစ်စေ၊ အကျိုးခံစားခွင့်ရှိသူမှဖြစ်စေ တောင်းခံရန်
- အကျိုးခံစားခွင့်တောင်းခံလွှာနှင့်အတူ တင်ပြရမည့်အထောက်အထားများ-
- (၁) ငါးလုပ်ငန်းဦးစီးဌာန၏ ထောက်ခံချက်
- (၂) သက်ဆိုင်ရာရဲစခန်း (သို့မဟုတ်) ဒေသအာဏာပိုင်အဖွဲ့အစည်းထောက်ခံချက်
- (၃) အလုပ်ရှင်၊ မျက်မြင်သက်သေနှစ်ဦးတို့မှ ရှင်းလင်းထောက်ခံချက်
- (၄) သေဆုံးလျှင် သေစာရင်းမိတ္တူ
- (၅) ဒဏ်ရာရရှိလျှင် ဆရာဝန်၏ ထောက်ခံချက်
- (၆) အခင်းဖြစ်ပွားသည့် ခရီးစဉ်တစ်ခေါက်တွင် ပါဝင်သူဖြစ်ကြောင်း အထောက်အထား၊ သက်ဆိုင်ရာအာဏာပိုင်များမှ အဆိုပါခရီးစဉ်အတွက် အသိအမှတ်ပြုထားသည့် ရေယာဉ်လုပ်သားစာရင်း
အကျိုးခံစားခွင့်ပေးချေခြင်း
- သေဆုံးမှုနှင့်ထိခိုက်မှုဖြစ်လျှင် မြန်မာ့အာမခံလုပ်ငန်းရုံးချုပ် (သို့မဟုတ်) နီးစပ်ရာ ရုံးခွဲများသို့ ချက်ချင်းအကြောင်းကြားရန်
- ထိခိုက်သေဆုံးမှုဖြစ်ပါက ၆ လ အတွင်း အကျိုးခံစားခွင့်တောင်းရန်
- သေဆုံးမှုတွင် အလောင်းမရရှိပါက သေဆုံးမှုအကျိုးခံစားခွင့်ကို ၂ နှစ် ဆိုင်းငံ့ပေး
ရုံးချုပ်တည်ရာမှာ အမှတ်-၆၂၇/၆၃၅၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ မြန်မာနိုင်ငံဖြစ်ပြီး တစ်နိုင်ငံလုံးတွင် တိုင်း၊ ခရိုင်၊ မြို့နယ် ၃၉-ခု၌ ရုံးခွဲများ ဖွင့်လှစ်ထားရှိပါသည်။
Credit – https://www.mminsurance.gov.mm/