အီလက်ထရောနစ် ပစ္စည်းအာမခံ – မြန်မာ့အာမခံ

အီလက်ထရောနစ် လျှပ်စစ်ပစ္စည်းများ အသုံးပြုနေစဉ်၊ ရပ်နားနေစဉ်၊ မွမ်းမံပြင်ဆင် နေစဉ်၊ လုပ်ငန်းခွင်အတွင်း တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းနေစဉ်ကာလများအတွင်း လျှပ် စစ် ဓါတ်အားချို့ယွင်းမှုကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့် ပြင်ဆင်ကုန်ကျစရိတ်များ မီးလောင်ခြင်း၊ မိုးကြိုးပစ်ခြင်း စသည့်အန္တရာယ်များကြောင့် ပျက်စီးဆုံးရှုံးမှုများ၊ အသုံးပြုမှု မှားယွင်းချွတ်ချော် ခြင်း၊ တစ်ပါးသူမှ တမင်ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းကြောင့် ပျက်စီးဆုံးရှုံးမှုများ၊ ဖောက်ထွင်း မှုကြောင့် ဆုံးရှုံးမှုတို့ကို အကာအကွယ်ပေးပါသည်။ အာမခံသက်တမ်း (၁) နှစ် ဖြစ်ပါသည်။ လက်ရှိတွင် အစိုးရဌာနပိုင်ပစ္စည်းများကိုသာ လက်ခံဆောင်ရွက်ပါသည်။ ပရီမီယံနှုန်းမှာ ၀.၂၅% ဖြစ်ပါသည်။

ရုံးချုပ်တည်ရာမှာ အမှတ်-၆၂၇/၆၃၅၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ မြန်မာနိုင်ငံဖြစ်ပြီး တစ်နိုင်ငံလုံးတွင် တိုင်း၊ ခရိုင်၊ မြို့နယ် ၃၉-ခု၌ ရုံးခွဲများ ဖွင့်လှစ်ထားရှိပါသည်။

Credit – https://www.mminsurance.gov.mm/