Yoma Bank ရှိ လုပ်ဆောင်ချက်အသစ်တွေနဲ့ ရိုးမဘဏ် မိုဘိုင်းလ်၊ အွန်လိုင်း ဘဏ်စနစ် ဝန်ဆောင်မှု

လုပ်ဆောင်ချက်အသစ်များဖြင့် အဆင့်မြှင့်တင်ထားသည့် ရိုးမဘဏ်၏ အွန်လိုင်းဘဏ်စနစ်တွင် ပြည်တွင်းရှိ အခြားဘဏ်များသို့ ငွေလွှဲနိုင်မည့် Interbank Transfer လုပ်ဆောင်ခြင်း၊ ဘေလ်ပေးဆောင်ခြင်း၊ Business Customer များအတွက် လွယ်ကူစွာဖြင့် မိမိတို့၏ကိုယ်ပိုင်အကောင့်များကို ဘဏ်ခွဲသို့သွားရန်မလိုဘဲ  စီမံခန့်ခွဲလာနိုင်ခြင်း စတဲ့လုပ်ဆောင်ချက်များစွာဖြင့် လုပ်ငန်းသုံး၊ ကိုယ်ပိုင်သုံး အွန်လိုင်းဘဏ်စနစ် နှစ်မျိုးလုံးကို အသုံးပြုနိုင်မည် ဖြစ်သည်။

အကျိုးခံစားခွင့်များ

ပြည်တွင်းရှိ အခြားဘဏ်များသို့ ငွေလွှဲနိုင်မည့် Interbank Transfer

မြန်မာနိုင်ငံရှိ အခြားဘဏ်များ၏အကောင့်များသို့ ငွေလွှဲရန်အတွက် ဘဏ်ခွဲသို့ သွားရန် မလိုဘဲ ရိုးမဘဏ်အကောင့်အချင်းချင်း သာမက ရိုးမဘဏ်နှင့်ချိတ်ဆက်ထားသည့် ပြည်တွင်းရှိအခြားဘဏ်များ၏ အကောင့်များကို Mobile banking/Online banking များတွင် Send Money မှတစ်ဆင့် ၀န်ဆောင်ခသက်သာစွာ ငွေလွှဲနိုင်ပြီဖြစ်ပါသည်။ Interbank Transferဖြင့် ငွေလွှဲနည်းအဆင့်ဆင့်ကို ဒီလင့်ခ်မှတစ်ဆင့် ကြည့်ရှုနိုင်ပါသည်။

ငွေကြေးစီမံခန့်ခွဲမှု

လုပ်ငန်းသုံးအကောင့် နှင့် ကိုယ်ပိုင်သုံးအကောင့်များအတွက် ရိုးမဘဏ် အပ်ငွေစာရင်းအားလုံး၏ ငွေကြေးလည်ပတ်မှု၊ ပူးတွဲအပ်ငွေစာရင်းများ စီမံခန့်ခွဲခြင်း၊ ချေးငွေရယူထားသည့် Customer များအနေဖြင့်လည်း ချေးငွေပြန်လည်ပေးဆပ်ရမည့်အချိန်၊ ပမာဏ စသည့်အချက်အလက်များကို ကြည့်ရှုလာနိုင်မည် ဖြစ်သည်။

ဘေလ်ပေးဆောင်ခြင်း

Billers ပေါင်း ၄၀ ကျော်နှင့်ချိတ်ဆက်ထားသည့် ဘေလ်ပေးဆောင်မှုလုပ်ဆောင်ချက်အသစ်ကြောင့် လစဥ်ပေးဆောင်ရသည့် ဘေလ်များကို ပိုမိုလွယ်ကူစွာ ပေးဆောင်နိုင်မည်ဖြစ်သည့်အပြင် မိမိနှင့်ကိုက်ညီမည့် ချေးငွေလစဥ်ပြန်ဆပ်ရသည့် အချိန်ဇယားကိုပါ လုပ်ဆောင်သွားနိုင်မည် ဖြစ်သည်။ 

Online banking/Mobile banking ဖြင့် ငွေလွှဲပြောင်းခြင်း

၀န်ဆောင်ခအခမဲ့ဖြင့် ရိုးမဘဏ် အကောင့်အချင်းချင်း သို့မဟုတ် လူကြီးမင်းအကောင့်မှ အခြားသူ၏ ရိုးမဘဏ် SMART အကောင့်ထဲသို့ ငွေလွှဲခြင်း၊ မိမိနိုင်ငံခြားငွေစာရင်း အပြန်အလှန်ငွေလွှဲခြင်းများအပြင် Wavepay အကောင့်များဆီသို့လည်း မိမိစိတ်ကြိုက်ငွေပမာဏကို ၀န်ဆောင်ခအခမဲ့ လွှဲပြောင်းသွားနိုင်မည်ဖြစ်သည်။

Flexi ခေါ်ယူအပ်ငွေစာရင်းမှ တခြားရိုးမဘဏ်အကောင့်များသို့ ငွေလွှဲပြောင်းခြင်း 

ရိုးမဘဏ်၏ ခေါ်ယူအပ်ငွေစာရင်းအသစ်ဖြစ်သည့် Flexi ခေါ်ယူအပ်ငွေစာရင်း မှ အခြားရိုးမဘဏ်အကောင့်များသို့ ငွေလွှဲရာ ယခင်ကကဲ့သို့ ဘဏ်ခွဲသွားစရာမလိုတော့ဘဲ Yoma Bank Mobile Application မှဖြစ်စေ၊ Online Banking မှဖြစ်စေ အလွယ်တကူငွေလွှဲပြောင်း၊ လက်ခံနိုင်ပြီ ဖြစ်သည်။

တစ်ပြိုင်နက်တည်း Transaction အခု ၁၀၀ ကိုလုပ်ဆောင်နိုင်ခြင်း

ရိုးမဘဏ် Enterprise Customers များအနေဖြင့် Online banking ကိုအသုံးပြုပြီး အခြားရိုးမဘဏ် အကောင့်များဆီသို့ တစ်ကြိမ်လျှင် ငွေလွှဲပြောင်းမှုပေါင်း အခု ၁၀၀ ကိုတစ်ပြိုင်နက်တည်း ငွေလွှဲနိုင်သည့် လုပ်ဆောင်ချက်အသစ် ဖြစ်ပါသည်။ လုပ်ဆောင်ပုံအဆင့်ဆင့်ကို ဒီလင့်ခ်တွင် ၀င်ရောက်ကြည့်ရှုပါ။

မိုဘိုင်းဖုန်းဘေလ် ဖြည့်သွင်းခြင်း

၁.၅% လျှော့ဈေး ဖြင့် မိုဘိုင်းလ်ဖုန်းဘေလ် ဖြည့်သွင်းနိုင်ခြင်း။

Mobile Banking အကောင့်စီမံခန့်ခွဲမှု

ရိုးမဘဏ် Mobile Banking application ကို Password မမှတ်မိပါက မိမိဘာသာ Password ကို reset ပြုလုပ်ပြီးပြန်လည်အသုံးပြုနိုင်ပါပြီ။ လုပ်ဆောင်ပုံအဆင့်ဆင့်ကို ဒီလင့်ခ်မှတစ်ဆင့် ကြည့်ရှုပါ။

Credit : Yoma Bank