Two-Step Loan(PMU)အစီအစဉ်ဖြင့် SMEs လုပ်ငန်းရှင်များသို့ ချေးငွေများထုတ်ချေးခြင်းလျှောက်ထားခြင်း

၁။ JICA (ODA) SME နှစ်ဆင့်ချေးငွေစီမံကိန်းကိုစီမံကိန်းအဆင့်-၁ ၊ အဆင့်-၂နှင့် အဆင့်-၃ ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

၂။ စီမံကိန်းအဆင့်-၁ ကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင်စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ စီမံကိန်းအဆင့်-၁တွင် မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် ချေးငွေဂျပန်ယန်း(၄.၇၇၄)ဘီလီယံနှင့်ညီမျှသော မြန်မာကျပ်(၅၇.၆၃၄)ဘီလီယံကို ငွေရေးကြေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်သည့်အဖွဲ့အစည်း [Participating Financial Institution (PFIs)] ဖြစ်သောကမ္ဘောဇဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ ဧရာဝတီဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ သမဝါယမဘဏ်နှင့် အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ်စသည့် ပုဂ္ဂလိကဘဏ်(၆)ဘဏ်မှတစ်ဆင့် SMEs လုပ်ငန်းရှင်(၂၆၉)ဦးသို့ ထုတ်ချေးခဲ့ပါသည်။ PFIs ဘဏ်များမှ အရင်းပြန် လည်ပေးဆပ်ငွေများကို Revolving Fund A/C တွင် ထည့်သွင်းထားရှိပြီး ပြန်လည်ထုတ်ချေးခဲ့ရာ(၁၅-၁၂-၂၀၂၀)ရက်နေ့အထိ SME လုပ်ငန်းရှင်(၂၃၁)ဦးသို့ ငွေကျပ် (၅၃.၇၃၄)ဘီလီယံ ထုတ်ချေးခဲ့ပြီးဖြစ်ပါသည်။ထို့ကြောင့် စီမံကိန်းအဆင့်-၁အတွက် စုစုပေါင်း SME လုပ်ငန်းရှင်(၅၀၀)ဦးသို့ ချေးငွေကျပ် (၁၁၁.၃၆၈) ဘီလီယံထုတ် ချေးခဲ့ပြီးဖြစ်ပါသည်။

၃။ စီမံကိန်းအဆင့်-၂ ကို ၂၀၁၈ခုနှစ် Mini-Budget တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။ စီမံကိန်းအဆင့်-၂ တွင် မြန်မာ့စီးပွားရေးဘဏ်အနေ ဖြင့်ချေးငွေဂျပန်ယန်း(၁၄.၅)ဘီလီယံနှင့်ညီမျှသော မြန်မာကျပ်(၁၅၄.၉၆၅)ဘီလီယံကို ငွေရေးကြေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်း [Participating Financial Institution (PFIs)] ဖြစ်သော မြန်မာနိုင်ငံသားများဘဏ်၊ ကမ္ဘောဇဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်၊ သမဝါယမဘဏ်၊ ဧရာဝတီဘဏ်၊ ပထမပုဂ္ဂလိကဘဏ်၊ ယူအေဘီဘဏ်၊ အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်နှင့် နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်စသည့် ပုဂ္ဂလိကဘဏ်(၁၁)ဘဏ်မှတစ်ဆင့် (၁၅-၁၂-၂၀၂၀)ရက်နေ့အထိ ပုံမှန်ချေးငွေ(Ordinary Loan)အဖြစ် SMEs လုပ်ငန်းရှင်(၇၃၂)ဦးသို့ ချေးငွေကျပ် (၁၂၃.၁၃၄) ဘီလီယံထုတ်ချေးခဲ့ပါသည်။ Covid-19 ကြောင့်စီးပွားရေးထိခိုက်ခဲ့သော အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များသို့ (၂၆-၆-၂၀၂၀)ရက်နေ့မှစတင်၍ (၁၅-၁၂-၂၀၂၀)ရက်နေ့အထိ SMEs လုပ်ငန်းရှင်(၄၈၈)ဦးသို့ ချေးငွေကျပ်(၆၂.၆၈၈)ဘီလီယံအား Emergency Loan အဖြစ် ထုတ်ချေးခဲ့ပါသည်။ (၁၅-၁၂-၂၀၂၀)ရက်နေ့အထိ စီမံကိန်းအဆင့်-၂ မှ ထုတ်ချေးခဲ့သောSMEs လုပ်ငန်းရှင်(၁၂၂၀)ဦးသို့ ချေးငွေကျပ်(၁၈၅.၈၂၂)ဘီလီယံ ထုတ်ချေးခဲ့ပါသည်။ PFIs ဘဏ်များမှ အရင်းပြန်လည်ပေးဆပ်ငွေများကို Revolving Fund A/C တွင်ထည့်သွင်းထားရှိပြီး ပြန်လည်ထုတ်ချေးခဲ့ရာ SME လုပ်ငန်းရှင်(၁၀၁)ဦးသို့ ငွေကျပ်(၁၇.၆၃၄)ဘီလီယံ ထုတ်ချေးခဲ့ပြီးဖြစ်ပါသည်။ ထို့ကြောင့် စီမံကိန်းအဆင့်-၂ အတွက် စုစုပေါင်း SME လုပ်ငန်းရှင်(၁၃၂၁)ဦးသို့ ချေးငွေကျပ် (၂၀၃.၄၅၆) ဘီလီယံထုတ်ချေးခဲ့ပြီးဖြစ်ပါသည်။

၄။ စီမံကိန်းအဆင့်-၃ ပတ်သက်၍ (၄-၁၁-၂၀၂၀)ရက်နေ့တွင် ဂျပန်နိုင်ငံအစိုးရကိုယ်စား၊ ဂျပန် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA)နှင့် မြန်မာနိုင်ငံအစိုးရကိုယ်စား၊ ငွေတိုက်ဦးစီးဌာနတို့အကြား ချေးငွေစာချုပ်(Loan Agreement)ကို ချုပ်ဆိုခဲ့ပြီးဖြစ်ပါသည်။ ချေးငွေထုတ်ချေးခြင်း အစီအစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

Coronavirus Disease 2019 (COVID-19)ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက် မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီမှ ခွင့်ပြုချေးငွေနှင့် ထုတ်ပေးပြီးချေးငွေစာရင်း – ( ဘီလီယံ )

စဉ် COVID-19 Fund မှချေးငွေခွင့်ပြုဦးရေ ဦးရေ ငွေပမာဏ

၁ ပထမအကြိမ် (ပထမအသုတ်မှ အဌမအသုတ်အထိ) ၃၃၉၄ ၁၀၁.၉၂၈

၂ ဒုတိယအကြိမ် (ပထမအသုတ်) ၈၈၃ ၁၆.၇၄၀

၃ ဒုတိယအကြိမ် (ဒုတိယအသုတ်) ၁၁၆၃ ၁၉.၉၅၇

၄ ဒုတိယအကြိမ် (တတိယအသုတ်) ၆၂၃ ၁၇.၁၈၃

၁၅-၁၂-၂၀၂၀ နေ့အထိ စုစုပေါင်းခွင့်ပြုပြီး ဦးရေ ၆၀၆၃ ၁၅၅.၈၀၈

၁၅-၁၂-၂၀၂၀ နေ့အထိ စုစုပေါင်း ထုတ်ချေးပြီး ဦးရေ ၄၉၈၁ ၁၃၀.၄၀၁

၁၅-၁၂-၂၀၂၀ နေ့အထိ စုစုပေါင်းထုတ်ချေးရန်ကျန်ဦးရေ ၁၀၈၂ ၂၅.၄၀၇

အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများဖြစ်သော လ္ဘတ်ရည်ဆိုင်နှင့် စားသောက်ဆိုင်ငယ်များသို့ ခွင့်ပြုချေးငွေနှင့် ထုတ်ချေးထားငွေစာရင်း-( ဘီလီယံ )

စဉ် COVID-19 Fund မှချေးငွေခွင့်ပြုဦးရေ ဦးရေ ငွေပမာဏ

၁ ပထမအကြိမ် ၂၅ ၃၉.၆၁၈

၂ ဒုတိယအကြိမ် ၁၉ ၁၉.၈၈

၃ တတိယအကြိမ် ၆ ဝ.၈၉၅

၄ စတုတ္ထအကြိမ် ၂ ဝ.၃၀၀

၅ ပဉ္စမအကြိမ် ၁ ဝ.၂၀၀

၆ ဆဌမအကြိမ် ၆ ၅.၉၆၀

၁၅-၁၂-၂၀၂၀ နေ့အထိ စုစုပေါင်းခွင့်ပြုပြီး ဦးရေ ၅၉ ၆၆.၈၅၃

၁၅-၁၂-၂၀၂၀ နေ့အထိ စုစုပေါင်း ထုတ်ချေးပြီး ဦးရေ ၅၂ ၆၅.၀၅၃

၁၅-၁၂-၂၀၂၀ နေ့အထိ စုစုပေါင်းထုတ်ချေးရန်ကျန်ဦးရေ ၇ ၁.၈၀၀

ဆက်သွယ်ရမည့် လိပ်စာ

ATM Data Centre၊ မြန်မာ့စီးပွားရေးဘဏ် (တိုင်းဒေသ ကြီးရုံး)၊ ဆူးလေ ဘုရားလမ်း၊ ရန်ကုန်မြို့။

ဝန်ဆောင်မှုရရှိနိုင်မည့် တည်နေရာများ

တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြန်မာ့စီးပွားရေးဘဏ်၊ ခရိုင်ဘဏ်ခွဲ (၅၃) ဘဏ်တွင် ဝန်ဆောင်မှုပေး လျက်ရှိပါသည်။

Credit : www.meb.gov.mm