ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ
လယ်ယာလုပ်ငန်းလုပ်ကိုင်သူ (သို့မဟုတ်) လယ်ယာဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူ
ဝန်ဆောင်ခ
မရှိပါ။
လိုအပ်သောစာရွက်စာတမ်းများ
(က) မှတ်ပုံတင်မိတ္တူ
(ခ) အိမ်ထောင်စုစာရင်းမိတ္တူ
(ဂ) လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇)
(ဃ) ဝယ်ယူလိုသည့် လယ်ယာသုံးစက်ကိရိယာ၏ တန်ဖိုးထက်မနည်းသော ပစ္စည်းကို အာမခံအဖြစ် တင်သွင်းရမည်။
(င) အာမခံသူ(၂)ဦးမှ ထပ်ဆင့်အာမခံရမည်။
(စ) အာမခံတင်သွင်းသည့် ပစ္စည်းတန်ဖိုးသတ်မှတ်ချက်နှင့် ပက်သတ်၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ပါရှိရမည်။
လျှောက်ထားရန်အဆင့်များ
(က) လယ်ယာသုံးစက်ကိရိယာဝယ်ယူခွင့်လျှောက်လွှာနှင့်အတူ လိုအပ်သော စာရွက်စာတမ်းများ ပူးတွဲ၍ မြို့နယ်စက်မှုလယ်ယာစခန်းများသို့ လျှောက်ထားရမည်။
(ခ) စက်မှုလယ်ယာစခန်းများမှ တဆင့် ခရိုင်၊ တိုင်းဒေသကြီး /ပြည်နယ် ဦးစီး ဌာနမှူးများသို့ အဆင့်ဆင့်တင်ပြ လျှောက်ထားရမည်။
ဆက်သွယ်ရမည့်လိပ်စာ
စက်မှုလယ်ယာဦးစီးဌာန၊ မြို့နယ်စက်မှုလယ်ယာစခန်းများ
ဝန်ဆောင်မှု ရရှိနိုင်မည့် တည်နေရာများ
စက်မှုလယ်ယာဦးစီးဌာန၊ မြို့နယ်စက်မှုလယ်ယာစခန်းများ
Website လိပ်စာ
မရှိပါ။