ဧည့်လမ်းညွန်လိုင်စင်လျှောက်ထားခြင်း

ဝန်ဆောင်မှုရယူရန် အခြေခံ လိုအပ်ချက်များ

ဧည့်လမ်းညွှန်များအနေဖြင့် နိုင်ငံခြားသားနှင့် ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များကို ဝန်ဆောင် မှုလုပ်ငန်းဆောင်ရွက်ရာတွင် ဌာနဆိုင်ရာစည်းမျဉ်းစည်းကမ်းများ ဟိုတယ်နှင့်ခရီးသွား ညွန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသော ဧည့်လမ်းညွှန်များ၏ ကျင့်ဝတ်များ၊ စည်းကမ်း များနှင့်အညီ လိုက်နာဆောင်ရွက်ရန်နှင့် ဦးစီးဌာနမှထုတ်ပေးထားသော ဧည့်လမ်းညွှန်လိုင် စင်ကဒ်ကိုတာဝန်ထမ်းဆောင် ချိန်တွင်ချိတ်ဆွဲထားရမည်ဖြစ်ပါသည်။

(က)  ဧည့်လမ်းညွှန်လိုင်စင်ရယူလိုသူသည် ပြည်ထောင်စုမြန်မာနိုင်ငံသား အသက်(၁၈)နှစ် ပြည့်ပြီးသူဖြစ်ရမည်။ နိုင်ငံသားမှတ်ပုံတင်မိတ္တူ၊ ပညာအရည်အချင်း အထောက် အထား   မိတ္တူ၊ အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း ထောက်ခံစာပါရှိ ရမည်။ ဧည့်လမ်းညွှန် သင်တန်းကိုအောင်မြင်ပြီးသူဖြစ်ရပါမည်။

(ခ)  ဒေသဆိုင်ရာဧည့်လမ်းညွှန် လိုင်စင်ရယူလိုသူသည် ပြည်ထောင်စုမြန်မာနိုင်ငံသား အသက်(၁၈)နှစ်ပြည့်ပြီးသူဖြစ်ရမည်။ နိုင်ငံသား မှတ်ပုံတင်မိတ္တူ၊ ပညာ အရည် အချင်း    အထောက်အထားမိတ္တူ၊ အကျင့်စာရိတ္တကောင်းမွန်ကြောင်း ထောက်ခံ စာ ပါရှိရမည်။     သက်ဆိုင်ရာဒေသ ဧည့်လမ်းညွှန် သင်တန်း အောင်မြင်ပြီးသူ ဖြစ်ရမည်။

ဝန်ဆောင်ခ

ဧည့်လမ်းညွှန်ဝန်ဆောင်ခ/လိုင်စင်ကြေး     – ၂၅၀၀၀ ကျပ်

ဒေသဧည့်လမ်းညွှန်ဝန်ဆောင်ခ/လိုင်စင်ကြေး      – ၁၅၀၀၀ ကျပ်

လိုအပ်သော   စာရွက်စာတမ်းများ

(က) ဧည့်လမ်းညွှန်လိုင်စင်ရယူလိုသူသည်  နိုင်ငံသားမှတ်ပုံတင်မိတ္တူ၊ ပညာအရည်အချင်း အထောက်အထားမိတ္တူ၊ကျန်းမာရေးကောင်းမွန်ကြောင်းထောက်ခံစာ၊အကျင့်စာရိတ္တ ကောင်းမွန်ကြောင်းထောက်ခံစာ၊ဧည့်လမ်းညွှန်အခြေခံသင်တန်း/ခရီးသွားလာရေးစီမံ ခန့်ခွဲမှုသင်တန်းဆင်းလက်မှတ်မိတ္တူနှင့် ကာလာဓါတ်ပုံ(၂)ပုံပါရှိရမည်။

မှတ်ချက်။ နှုတ်ဖြေဆန်းစစ်ခြင်း(License test)တွင် (အေ)အဆင့်ရရှိ အောင်မြင်သူများကိုသာ ဧည့်လမ်းညွှန်လိုင်စင်ထုတ်ပေးပါမည်။)

(ခ) ဒေသဆိုင်ရာဧည့်လမ်းညွှန် လိုင်စင်ရယူလိုသူသည် နိုင်ငံသားမှတ်ပုံတင်မိတ္တူ၊ ပညာ အရည်အချင်းအထောက်အထားမိတ္တူ၊ ကျန်းမာရေးကောင်းမွန်ကြောင်းထောက်ခံစာ၊ အကျင့်စာရိတ္တကောင်းမွန်ကြောင်းထောက်ခံစာ၊ ဒေသဧည့်လမ်းညွှန်သင်တန်း ဆင်း ဖြစ်ရ မည်။ကာလာဓါတ်ပုံ(၁)ပုံပါရှိရမည်။                                         

(မှတ်ချက်။    ဒေသဆိုင်ရာ ဧည့်လမ်းညွှန်မှတ်ပုံတင်ကဒ်သည် သတ်မှတ်ထားသော ဒေသအတွင်း လုပ်ကိုင်ခွင့်ရှိပါသည်။

Credit-myanmar.gov.mm