CB Bank Payment Order Service

အစိုးရဌာနဆိုင်ရာများသို့ပေးသွင်းရမည့်ကိစ္စများ (သို့) ငွေပမာဏများသောအခြားပေးချေမှုများအတွက် ငွေပေးအမိန့် (Payment Order) ကို (Bank Guarantee Cheque) အဖြစ် ရောင်းချခြင်းဝန်ဆောင်မှုလုပ်ငန်းကို လျင်မြန်စွာဝန်ဆောင်မှုပေးလျက်ရှိပါသည်။

အကျိုးကျေးဇူး

  • CB Bank ၏ Payment Order များကို CB Bank ဘဏ်ခွဲတိုင်းတွင် ထုတ်ယူနိုင်ပါသည်။
  • ကော်မရှင်ခနှုန်းမှာ ပြည်တွင်းငွေလွှဲနှုန်းအတိုင်းသာ ကောက်ခံပါသည်။
  • ပမာဏအကန့်အသတ်မရှိ ဝယ်ယူနိုင်ပါသည်။

ဝန်ဆောင်ခ

  • ကောက်ခံမည့်နှုန်းထား – ကျပ်(၁၀၀/-) လျှင် (၁၀/-) ပြားနှုန်း
  • အများဆုံး ကော်မရှင်ခ – (၃၀,၀၀၀/-) ကျပ်

လိုအပ်ချက်များ

  • မည်သူမဆိုလွတ်လပ်စွာ ဝယ်ယူနိုင်ပါသည်။
  • မိမိငွေပေးချေလိုသော အစိုးရဌာနအမည် (သို့) ငွေပေးချေလိုသော လူပုဂ္ဂိုလ်အမည် ၊ မှတ်ပုံတင်အမှတ်များကို မှန်ကန်တိကျစွာဖော်ပြရပါမည်။

Credit : CB Bank