CB Bank Personal Accident Insurance Service

မတော်တဆထိခိုက်မှုကြောင့် သေဆုံးခြင်း၊ မသန်စွမ်းဖြစ်ခြင်း၊ ကိုယ်အင်္ဂါထိခိုက် ဒဏ်ရာရခြင်း များအတွက် ငွေကြေးဆိုင်ရာ ကုန်ကျစရိတ်များကို လျော့ပါးစေရန် ရည်ရွယ်ပါသည်။

အကျိုးကျေးဇူးများ

  • မတော်တဆဖြစ်ရပ်များနှင့် ကြုံတွေ့ရသည့်အခါ ငွေကြေးအထောက်အပံ့ရရှိနိုင်ပါသည်။

အဓိကအချက်များ

  • ပေါ်လစီသက်တမ်း  –  ၃လ၊ ၆လ၊ ၁ နှစ် (မိမိစိတ်ကြိုက်ရွေးချယ်နိုင်ပါသည်။)
  • အာမခံထားငွေ  –  ၅၀၀,၀၀၀ ကျပ် မှ ၂၀,၀၀၀,၀၀၀ ကျပ်အထိ
  • အာမခံထားနိုင်သောအသက်အရွယ်-  ၁၆ မှ ၆၅ နှစ်အထိ

အကျိုးခံစားခွင့်များ

  • မတော်တဆထိခိုက်မှုကြောင့် သေဆုံးခြင်း/ထိခိုက်ဒဏ်ရာရခြင်းအကျိုးခံစားခွင့်
  • ထိခိုက်ဒဏ်ရာကြောင့် အလုပ်မလုပ်ကိုင်နိုင်ခြင်း/ ရက်သတ္တတစ်ပါတ် ဆေးရုံတက်ရခြင်းအကျိုးခံစားခွင့်

ပိုမိုသိရှိရန်

ပိုမိုသိရှိလိုပါက Call Center 01-2317770 ကို ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

FAQs

ကိုယ်ခန္ဓာထိခိုက်မှုအာမခံ မှ ရရှိနိုင်သောအကာအကွယ်(အကျိုးခံစားခွင့်များ)မှာ အဘယ်နည်း။?

(က) မတော်တဆထိခိုက်မှုကြောင့် သေဆုံးခြင်း

(ခ) မတော်တဆထိခိုက်မှုကြောင့် ထာဝစဉ်လုံးဝမသန်စွမ်းဖြစ်ခြင်း

(ဂ) မတော်တဆထိခိုက်မှုကြောင့် ကိုယ်အင်္ဂါထိခိုက်ဒဏ်ရာရခြင်း

(ဃ) မတော်တဆထိခိုက်မှုကြောင့် ဆေးရုံတက်ရောက်ကုသခြင်းအတွက် တစ်ပတ် (အာမခံထားငွေ၏ ၃% မှ တစ်နှစ်လုံး အများဆုံး ၁၅%)

(င) မတော်တဆ ထိခိုက်မှုကြောင့်အိမ်၌အနားယူနေထိုင်ရခြင်း ဖြစ်ပါက ဝင်ငွေဆုံးရှုံးခြင်းအတွက် တစ်ပတ် (အာမခံထားငွေ၏ ၃% မှ တစ်နှစ်လုံး အများဆုံး ၁၅%) ခံစားခွင့်ရရှိနိုင်ပါသည်။

credit : CB bank