ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ / APRIL 19, 2018
ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ
ကုန်စည်ပြပွဲများ ကျင်းပခွင့်တင်ပြရာတွင် ပါဝင်ရမည့်အချက်များ
(က) ပွဲကျင်းပမည့်နေရာ၏ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးထောက်ခံချက်
( ခ ) ပွဲကျင်းပမည့်နေရာ၏ သက်ဆိုင်ရာမြို့နယ်မီးသတ်ဦးစီးဌာနရုံး၏ထောက်ခံချက်
( ဂ ) ပွဲကျင်းပမည့်နေရာ၏သက်ဆိုင်ရာမြို့နယ်ကျန်းမာရေးဦးစီးဌာနရုံး၏ထောက်ခံချက်
(ဃ) ပွဲကျင်းပမည့်နေရာ၏ သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှူးရုံး၏ ထောက်ခံချက်
( င ) ပွဲကျင်းပမည့်နေရာ၏ သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၏ထောက်ခံချက်
( စ ) ပွဲကျင်းပမည့်နေရာ၏ သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး၏ ကန့်ကွက်ရန် မရှိကြောင်း ထောက်ခံချက်
(ဆ) သက်ဆိုင်ရာ ပွဲကျင်းပမည့်နေရာ၏ စီမံခန့်ခွဲခွင့်ရှိသော ဌာန/ကုမ္ပဏီ/အဖွဲ့အစည်း၏ ကန့်ကွက်ရန် မရှိကြောင်းထောက်ခံချက်
(ဥပမာ၊ တပ်မတော်ခန်းမတွင်ဖြစ်ပါက ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ ကန့်ကွက်ရန် မရှိကြောင်း ထောက်ခံချက်)
(ဥပမာ၊ MEPတွင်ဖြစ်ပါက Forever Group Co.,Ltd. ကန့်ကွက်ရန်မရှိကြောင်း ထောက်ခံချက်)
(ဥပမာ၊ MCC ခန်းမတွင်ဖြစ်ပါ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ကန့်ကွက်ရန် မရှိကြောင်း ထောက်ခံချက်)
(ဥပမာ၊ ပြည်သူ့ဥယျာဉ်တွင်ဖြစ်ပါက ပြည်သူ့ဥယျာဉ်တာဝန်ခံ၏ ကန့်ကွက်ရန် မရှိကြောင်း ထောက်ခံချက်)
( ဇ ) ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီ၏ပွဲတော်ကျင်းပစဉ်ကာလအတွင်း ဆောင်ရွက်မည့်လုံခြုံရေးစီမံချက်
( စျ ) သက်ဆိုင်ရာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၏ထောက်ခံချက်
( ည) ပွဲကျင်းပရေးတာဝန်ခံ၏ဝန်ခံကတိလက်မှတ်ရေးထိုးချက်
( ဋ ) သက်ဆိုင်ရာကျင်းပမည့် ပွဲအစီအစဉ်၊ နေ့ရက်၊ နေရာ၊ အချိန်၊ လူအင်အား
အဆိုပါအချက်အလက်များပြည့်စုံမှ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသို့ တင်ပြရမည် ဖြစ်ပြီး အချက်အလက်များပြည့်စုံမှသာ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ ခွင့်ပြုမိန့် ထုတ်ပေးမည်ဖြစ် ပါသည်။
ဝန်ဆောင်ခ
– ၅၀၀၀ဝိ/
လိုအပ်သောစာရွက်စာတမ်းများ
မရှိပါ။
လျှောက်ထားရန်အဆင့်များ
ဌာနဆိုင်ရာများ၏ ထောက်ခံချက်များကို စုစည်း၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တဆင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးသို့ အဆင့်ဆင့်တင်ပြခွင့်ပြုချက်ရယူရမည်ဖြစ်ပါသည်။
ဆက်သွယ်ရမည့်လိပ်စာ
မြို့နယ်/ခရိုင်/တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
တိုင်းဒေသကြီးအစိုးရအဖွဲ့
Credit : https://myanmar.gov.mm/