Mobile Payment ဝန်ဆောင်မှု လျှောက်ထားခြင်း

(၁၅.၁၀.၂၀၁၅) ရက်နေ့မှစတင်ကာ မြန်မာ့စီးပွားရေးဘဏ်သည် မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ အင်းဝဘဏ်လီမိတက်၊ Myanmar Mobile Money (MMM)၊ Easy Pay တို့အကျိုးတူပူးပေါင်း၍ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၄) ခုရှိ မြန်မာ့စီးပွားရေးဘဏ် ခရိုင်နှင့်မြို့နယ်ဘဏ်ခွဲ (၂၈၀) ဘဏ်တွင် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ ပြည်သူများအနေဖြင့် MPT၊ MECTel နှင့် Mytel Sim Card အသုံးပြု၍ မိုဘိုင်းဝန်ဆောင်မှုချိတ်ဆက်ထားခြင်းဖြင့် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုကို အသုံးပြုနိုင်မည်ဖြစ်ပါသည်။ ထို့ပြင် ငွေသားပေးသွင်းခြင်း၊ ထုတ်ယူခြင်း၊ ဖုန်းပြောဆိုခငွေဖြည့်တင်းခြင်းနှင့် အငြိမ်းစားလစာများကို Standing Instruction ပေးထားခြင်းဖြင့် ဘဏ်သို့ အကြိမ်ကြိမ်လာရောက်ရန်မလိုဘဲ ကိုယ်တိုင်အငြိမ်းစားလစာဖြစ်ပါက ခြောက်လတစ်ကြိမ်၊ မိသားစုအငြိမ်းစားလစာဖြစ်ပါက သုံးလတစ်ကြိမ်သာ လူတွေ့စစ်ဆေးခံရန်လိုအပ်ပြီး မိမိတို့လွယ်ကူအဆင်ပြေသည့် မြန်မာ့စီးပွားရေးဘဏ် (သို့မဟုတ်) MMM က ခန့်အပ်ထားသော ပြင်ပအေးဂျင့်များတွင် လစာကို ရိုးရှင်းလွယ်ကူစွာ ထုတ်နိုင်မည်ဖြစ်ပါသည်။

ဆက်သွယ်ရမည့် လိပ်စာ

ATM Data Centre၊ မြန်မာ့စီးပွားရေးဘဏ် (တိုင်းဒေသ ကြီးရုံး)၊ ဆူးလေ ဘုရားလမ်း၊ ရန်ကုန်မြို့။

ဝန်ဆောင်မှုရရှိနိုင်မည့် တည်နေရာများ

တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြန်မာ့စီးပွားရေးဘဏ်၊ ခရိုင်ဘဏ်ခွဲ (၅၃) ဘဏ်တွင် ဝန်ဆောင်မှုပေး လျက်ရှိပါသည်။

Credit : www.meb.gov.mm