မြေသယံဇာတတူးဖေါ်ရေးလုပ်ငန်းရှင်များတာဝန်ရှိမှုအာမခံ

အသက် ၁၈ နှစ်မှ ၆၀ နှစ်အတွင်း ထားရှိနိုင်ပါသည်။ အာမခံထားငွေကို တစ်ယူနစ်လျှင် ကျပ် ၅ သိန်း ဖြင့် အများဆုံး ၄ ယူနစ်အထိ ထားနိုင်ပါသည်။ သေဆုံးပါက အာမခံထားငွေကို ရရှိနိုင်ပြီး ဒဏ်ရာရပါက အများဆုံးအာမခံထားငွေ၏ ၈၀% အထိပေးလျော်ပါသည်။ ပရီမီယံမှာ တစ်ယူနစ်လျှင် ကျပ် ၃၅၀၀၊ ၁ နှစ် သက်တမ်းဖြစ်ပါသည်။

ရုံးချုပ်တည်ရာမှာ အမှတ်-၆၂၇/၆၃၅၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ မြန်မာနိုင်ငံဖြစ်ပြီး တစ်နိုင်ငံလုံးတွင် တိုင်း၊ ခရိုင်၊ မြို့နယ် ၃၉-ခု၌ ရုံးခွဲများ ဖွင့်လှစ်ထားရှိပါသည်။

Credit – https://www.mminsurance.gov.mm/