မြန်မာ့အာမခံတွင်ချေးငွေအာမခံလျှောက်ထားခြင်း

အသေးစားနှင့် အလတ်စားစီးပွါးရေးလုပ်ငန်းရှင်များ၏ စီးပွါးရေးလုပ်ငန်းများ တိုးတက်စေရန် ဘဏ်ချေးငွေရယူသည့်အခါ ဘဏ်များအနေဖြင့် ဆုံးရှုံးမှုကို အကာအကွယ်ရယူ၍ ချေးငွေထုတ်ချေးနိုင်ရန် ရည်ရွယ်၍ ၂၀၁၅ ခုနှစ်မှ စတင်အကောင်အထည်ဖေါ် ဆောင်ရွက်ခဲ့ပါသည်။  ပရီမီယံနှုံးအနေဖြင့် အပေါင် ပစ္စည်းဖြင့် ချေးခြင်းအတွက် ပထမနှစ်တွင် ၂% ၊ ဒုတိယနှစ်တွင် ၁.၅%၊ တတိယနှစ်တွင် ၁% ဖြစ်ပါ သည်။ အပေါင်ပစ္စည်းမဲ့ဖြင့် ချေးခြင်းအတွက် ပထမနှစ်တွင် ၃% ၊ ဒုတိယနှစ်တွင် ၂.၅% ၊ တတိယနှစ် တွင် ၂% ဖြစ်ပါသည်။

ရုံးချုပ်တည်ရာမှာ အမှတ်-၆၂၇/၆၃၅၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ မြန်မာနိုင်ငံဖြစ်ပြီး တစ်နိုင်ငံလုံးတွင် တိုင်း၊ ခရိုင်၊ မြို့နယ် ၃၉-ခု၌ ရုံးခွဲများ ဖွင့်လှစ်ထားရှိပါသည်။

မြန်မာ့အာမခံတွင် ပမာဏကြီးမားသော အရံရန်ပုံငွေများ (အသက်အာမခံရန်ပုံငွေ ကျပ် သန်းပေါင်း ၂၆၁၃၀.၉၁၊ အထွေထွေအာမခံရန်ပုံငွေ ကျပ် ၁၆၄၆၉၄.၆၇ သန်း၊ အထွေထွေ သီးသန့် ရန်ပုံငွေ ကျပ် ၁၅၃၈၈.၄၈ သန်းနှင့် ကြီးမားသော တစ်ဆင့်အာမခံအကာအကွယ်များလည်း ရှိပါ သည်။ မီးနှင့် ရေကြောင်းအာမခံ ပိုလွန်ဆုံးရှုံမှုစာချုပ်များ၊ စွမ်းအင်အာမခံစာချုပ်များ၊ မော်တော် ကား စိတ်ကြိုက်တာဝန်ယူမှုစာချုပ်များလည်း အခိုင်အမာချုပ်ဆိုဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါ တစ်ဆင့်အာမခံစာချုပ်များကို ကမ္ဘာ့ထိပ်တန်း တစ်ဆင့်အာမခံကုမ္ပကြီးများနှင့် ချုပ်ဆို ဆောင်ရွက်ထားခြင်းဖြစ်ပါသည်။

ထို့ပြင် မြန်မာ့အာမခံဥပဒေအရ မြန်မာ့အာမခံ၏ ပေးလျော်ရန်တာဝန် အားလုံးအား နိုင်ငံတော်မှ တာဝန်ယူထားပါသည်။ သို့ဖြစ်၍ မြန်မာ့အာမခံသည် မည်သည့်အခါတွင်မျှ ဖျက်သိမ်း ခံရမည့်ကုမ္ပဏီ မဟုတ်ပါ။ တရားဝင်လျော်ကြေး တောင်းဆိုမှုမှ မည်သည့်အခါတွင်မျှ ထွက်ပြေး တိမ်းရှောင်လိမ့်မည့် အာမခံကုမ္ပဏီမဟုတ်ဟူ၍လည်းကျော်ဇောပါသည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေး နှစ်အတွင်း လျော်ကြေးစုစုပေါင်း ကျပ် ၄၇၈၈.၂၅ သန်း ပေးလျော်ခဲ့ပါသည်။

မြန်မာ့အာမခံသည် အခြားအာမခံကုမ္ပဏီများနည်းတူ အေးဂျင့်စနစ်အသုံးပြုလျက်ရှိပြီး၊ အေးဂျင့် အသစ်များကိုလည်း အစဉ်ခန့်အပ်လေ့ကျင့်ပေးလျက်ရှိပါသည်။

မြန်မာ့အာမခံသည် နိုင်ငံတော်ပိုင် အာမခံကုမ္ပဏီဖြစ်သည်နှင့်အညီ ဥပဒေအရ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများသည် လိုအပ်သော အာမခံအကာအကွယ်များကို မြန်မာ့အာမခံမှသာ ဝယ်ယူ ရမည်ဖြစ်ပါသည်။

Credit : https://www.mminsurance.gov.mm/