မြန်မာ့စီးပွားရေးဘဏ် ချေးငွေလုပ်ငန်း


မြန်မာ့စီးပွားရေးဘဏ်သည် ချေးငွေများကိုထုတ်ချေးရာတွင် ဦးစားပေးကဏ္ဍများအဖြစ် နိုင်ငံတော်အစိုးရမှ အခါအားလျော်စွာ လမ်းညွှန်ချမှတ်သော လုပ်ငန်းကဏ္ဍများ၊ ကုန်ထုတ်လုပ်ငန်းကဏ္ဍ(Production)၊ ဝန်ဆောင်မှုကဏ္ဍ(Servicing)၊ သယ်ယူပို့ဆောင်ရေးကဏ္ဍ(Transportation)၊ ကုန်သွယ်မှုကဏ္ဍ(Trading)၊ တည်ဆောက်မှုကဏ္ဍ(Construction)များကို ကာလအလိုက် ချေးငွေအမျိုးအစား၊ သက်တမ်းနှင့်အတိုးနှုန်းများကို တစ်ဖက်ပါအတိုင်း သတ်မှတ်ထားကာ ထုတ်ချေးလျက်ရှိပါသည်-

(၁) နှစ်ချင်းဆပ်စာရင်းပိုထုတ်ချေးငွေ(Overdraft ) (၁)နှစ် – ၁၀%

(၂) နှစ်ချင်းဆပ်ချေးငွေ(Loan ) (၁)နှစ် – ၁၀%

(၃) ကာလသတ်မှတ်ချက်ချေးငွေ(Term Loan ) (၃)နှစ် – ၉.၅ %

(၄) မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သို့ထုတ်ချေးငွေ (MADB) (နှစ်ချင်းဆပ်) – ၅%

(၅) – အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများသို့ထုတ်ချေးသည့် စီးပွားရေးချေးငွေ(Commercial Loan) ကာလတို(၃)နှစ်ချေးငွေ အာမခံပေးအပ်သောချေးငွေ – ၉ %

 – အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများသို့ထုတ်ချေးသည့် စီးပွားရေးချေးငွေ (Commercial Loan)ကာလတို(၃)နှစ်ချေးငွေ အာမခံမဲ့ချေးငွေ – ၁၁.၅ %

(၆) အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများမှတစ်ဆင့် လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်ငယ်များအား ရင်းနှီးမတည်ငွေထုတ်ချေးခြင်း COVID-19 (Loan) အာမခံမဲ့ချေးငွေ (၁)နှစ် – ၁ %

(၇) အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများသို့ ရွှေ့ဆိုင်းချေးငွေထုတ်ချေးခြင်း(ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊ရခိုင်ပြည်နယ်) Loans to Microfinance for COVID-19 အာမခံမဲ့ချေးငွေ (၁)နှစ် – အတိုးမဲ့ (Interest Free)

(၈) COVID-19 ကြောင့် ထိခိုက်မှုရှိသော နိုင်ငံသားပိုင်စီးပွားရေးလုပ်ငန်းများအတွက် အတိုးနှုန်းသက်သာသည့်ချေးငွေ(Stimulus Package) COVID-19 (Fund) အာမခံမဲ့ချေးငွေ (၁)နှစ် – ၁ %

ထို့အပြင် ၂၀၁၅- ခုနှစ် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေအပိုဒ် ၂(က) နှင့် အပိုဒ်၂ (ခ) ပါသတ်မှတ်ချက်များနှင့်ညီညွတ်ပြီး SME လိုင်စင်ရရှိထားသည့် မည်သည့်အဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်များမဆို ချေးငွေရယူနိုင်ပါသည်။ တိုင်းဒေသကြီး/ပြည်နယ်/ပြည်ထောင်စုနယ်မြေ SMEs Agency များ၏ ထောက်ခံချက်၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်/ပြည်ထောင်စုအစိုးရအဖွဲ့များ၏ လုပ်ငန်းဆိုင်ရာ စိစစ်ထောက်ခံချက်ရရှိထားသည့် အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များအား ဦးစားပေးထုတ်ချေးပါမည်။

မြန်မာ့စီးပွားရေးဘဏ်က အောက်ဖော်ပြပါအသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို ဦးစားပေးကဏ္ဍများအဖြစ် သတ်မှတ်ထုတ်ချေးသွားပါမည်-

(က) ထုတ်လုပ်မှုကဏ္ဍ(Production)

(ခ) ထုတ်လုပ်ရောင်းဝယ်မှုကဏ္ဍ(Manufacturing)

(ဂ) တည်ဆောက်မှုကဏ္ဍ(Construction)

(ဃ) စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ(Agri-Production)

(င) မွေးမြူထုတ်လုပ်မှုကဏ္ဍ(Livestock-Production)

(စ) သယ်ယူပို့ဆောင်ရေးကဏ္ဍ(Transportation)

(ဆ) ဝန်ဆောင်မှုကဏ္ဍ(Services)

(ဇ) နည်းပညာအခြေခံထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုကဏ္ဍ(Technical)

(ဈ) Recycling နှင့် Energy Saving ကဏ္ဍ(Environmental)

ဆက်သွယ်ရမည့် လိပ်စာ

ATM Data Centre၊ မြန်မာ့စီးပွားရေးဘဏ် (တိုင်းဒေသ ကြီးရုံး)၊ ဆူးလေ ဘုရားလမ်း၊ ရန်ကုန်မြို့။

ဝန်ဆောင်မှုရရှိနိုင်မည့် တည်နေရာများ

တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြန်မာ့စီးပွားရေးဘဏ်၊ ခရိုင်ဘဏ်ခွဲ (၅၃) ဘဏ်တွင် ဝန်ဆောင်မှုပေး လျက်ရှိပါသည်။

Credit : www.meb.gov.mm