မြန်မာ့စီးပွားရေးဘဏ်၏ ချေးငွေလုပ်ငန်း

မြန်မာ့စီးပွားရေးဘဏ်သည် ချေးငွေများကို ထုတ်ချေးရာတွင် ဦးစားပေးကဏ္ဍများအဖြစ် နိုင်ငံတော်အစိုးရမှ အခါအားလျော်စွာ လမ်းညွှန်ချမှတ်သော လုပ်ငန်းကဏ္ဍများ၊ ကုန်ထုတ်လုပ်ငန်းကဏ္ဍ (Production)၊ ဝန်ဆောင်မှုကဏ္ဍ (Servicing)၊ သယ်ယူပို့ဆောင်ရေးကဏ္ဍ (Transportation)၊ ကုန်သွယ်မှုကဏ္ဍ(Trading)၊ တည်ဆောက်မှုကဏ္ဍ (Construction) များကို ကာလအလိုက် ချေးငွေအမျိုးအစား၊ သက်တမ်းနှင့်အတိုးနှုန်းများကို တစ်ဖက်ပါအတိုင်းသတ်မှတ်ထားကာ ထုတ်ချေးလျက်ရှိပါသည်-

            (၁)     နှစ်ချင်းဆပ်စာရင်းပိုထုတ်ချေးငွေ  – ၁၃.၀၀    %

            (၂)     နှစ်ချင်းဆပ်ချေးငွေ (၁ နှစ်) –  ၁၃.၀၀    %

            (၃)     နှစ်လတ်ချေးငွေ ( ၃ နှစ်မှ ၅ နှစ်အထိ) – ၁၂.၅၀    %

            (၄)     နှစ်ရှည်ချေးငွေ ( ၆ နှစ်နှင့်အထက်) – ၁၂.၂၅    %

            (၅)     နိုင်ငံတော်ထုခွဲချေးငွေ – ၁၂.၀၀    %

            (၆)     SMIDB သို့ ထုတ်ချေးငွေ – ၈.၂၅    %

            (၇)     အထူးစီမံကိန်း ထုတ်ချေးငွေ – ၈.၂၅    %

            (၈)     မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သို့ ထုတ်ချေးငွေ –  ၅.၀၀    %

            (၉)     နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းသို့ထုတ်ချေးငွေ – ၄.၀၀    %

            (၁၀)   နိုင်ငံတော်ဧည့်ဂေဟာတည်ဆောက်ရေးစီမံကိန်း – ၄.၀၀    %

ထို့အပြင် ၂၀၁၅- ခုနှစ် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေအပိုဒ် ၂(က) နှင့် အပိုဒ်၂ (ခ) ပါသတ်မှတ်ချက်များနှင့်ညီညွတ်ပြီး SME လိုင်စင်ရရှိထားသည့် မည်သည့်အဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်များမဆို ချေးငွေရယူနိုင်ပါသည်။ တိုင်းဒေသကြီး/ပြည်နယ်/ပြည်ထောင်စုနယ်မြေ SMEs Agency များ၏ ထောက်ခံချက်၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်/ပြည်ထောင်စုအစိုးရအဖွဲ့များ၏ လုပ်ငန်းဆိုင်ရာ စိစစ်ထောက်ခံချက်ရရှိထားသည့် အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များအား ဦးစားပေးထုတ်ချေးပါမည်။

အသေးစားစီးပွားရေးလုပ်ငန်းသတ်မှတ်ချက်

အသေးစားစီးပွားရေးလုပ်ငန်းလုပ်သားအင်အားမတည်ရင်းနှီးငွေ(မြေတန်ဘိုးမပါ)
ထုတ်လုပ်မှုလုပ်ငန်း၅၀ ထက်မပိုသန်း ၅၀၀ ထက်မပို
လုပ်အားအခြေပြုထုတ်လုပ်မှုလုပ်ငန်း၃၀၀ ထက်မပိုသန်း ၅၀၀ ထက်မပို
လက်ကားရောင်းဝယ်ရေးလုပ်ငန်း၃၀ ထက်မပိုသန်း ၁၀၀ ထက်မပို(လွန်ခဲ့သောနှစ်၏ တစ်နှစ်ဝင်ငွေ)
လက်လီရောင်းဝယ်ရေးလုပ်ငန်း၃၀ ထက်မပိုသန်း ၅၀ ထက်မပို(လွန်ခဲ့သောနှစ်၏ တစ်နှစ်ဝင်ငွေ)
ဝန်ဆောင်မှုလုပ်ငန်း၃၀ ထက်မပိုသန်း ၁၀၀ ထက်မပို(လွန်ခဲ့သောနှစ်၏ တစ်နှစ်ဝင်ငွေ)
အခြားလုပ်ငန်း၃၀ ထက်မပိုသန်း ၅၀ ထက်မပို(လွန်ခဲ့သောနှစ်၏ တစ်နှစ်ဝင်ငွေ)

အလတ်စားစီးပွားရေးလုပ်ငန်းသတ်မှတ်ချက်

အလတ်စားစီးပွားရေးလုပ်ငန်းလုပ်သားအင်အားမတည်ရင်းနှီးငွေ(မြေတန်ဘိုးမပါ)
ထုတ်လုပ်မှုလုပ်ငန်း၃၀၀ ထက်မပိုသန်း ၅၀၀ အထက်မှ သန်း ၁၀၀၀ ထက်မပို
လုပ်အားအခြေပြုထုတ်လုပ်မှုလုပ်ငန်း၆၀၀ ထက်မပိုသန်း ၅၀၀ အထက်မှ သန်း ၁၀၀၀ ထက်မပို
လက်ကားရောင်းဝယ်ရေးလုပ်ငန်း၆၀ ထက်မပိုသန်း ၁၀၀ အထက်မှ သန်း ၃၀၀ထက်မပို(လွန်ခဲ့သောနှစ်၏ တစ်နှစ်ဝင်ငွေ)
လက်လီရောင်းဝယ်ရေးလုပ်ငန်း၆၀ ထက်မပိုသန်း ၅၀ အထက်မှ သန်း ၁၀၀ ထက်မပို(လွန်ခဲ့သောနှစ်၏ တစ်နှစ်ဝင်ငွေ)
ဝန်ဆောင်မှုလုပ်ငန်း၁၀၀ ထက်မပိုသန်း ၁၀၀ အထက်မှ သန်း ၂၀၀ ထက်မပို(လွန်ခဲ့သောနှစ်၏ တစ်နှစ်ဝင်ငွေ)
အခြားလုပ်ငန်း၆၀ ထက်မပိုသန်း ၅၀ အထက်မှ သန်း ၁၀၀ ထက်မပို(လွန်ခဲ့သောနှစ်၏ တစ်နှစ်ဝင်ငွေ)

ဖော်ပြပါသတ်မှတ်ချက်များအနက် မြန်မာ့စီးပွားရေးဘဏ်က အောက်ဖော်ပြပါအသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို ဦးစားပေးကဏ္ဍများအဖြစ် သတ်မှတ်ထုတ်ချေးသွားပါမည်-

(က)ထုတ်လုပ်မှုကဏ္ဍ(Production)

(ခ) ထုတ်လုပ်ရောင်းဝယ်မှုကဏ္ဍ(Manufacturing)

(ဂ)တည်ဆောက်မှုကဏ္ဍ(Construction)

(ဃ)စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ(Agri-Production)

(င) မွေးမြူထုတ်လုပ်မှုကဏ္ဍ(Livestock-Production)

(စ) သယ်ယူပို့ဆောင်ရေးကဏ္ဍ(Transportation)

(ဆ)ဝန်ဆောင်မှုကဏ္ဍ(Services)

(ဇ) နည်းပညာအခြေခံထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုကဏ္ဍ(Technical)

(ဈ) Recycling နှင့် Energy Saving ကဏ္ဍ(Environmental)

Credit : https://www.mopf.gov.mm/

စဉ်ဆက်သွယ်မေးမြန်းသိရှိလိုသည့် အကြောင်းအရာဆက်သွယ်ရမည့်ဖုန်းဆက်သွယ်ရမည့်ဖက်စ်ဆက်သွယ်ရမည့် အီးမေးလ်မှတ်ချက်
စီမံခန့်ခွဲရေးနှင့် ဝန်ထမ်းရေးရာကိစ္စရပ်များ၀၆၇-၃၄၂၁၃၂၈၀၆၇-၃၄၂၁၃၂၈mebdmn@gmail.com 
ပြည်တွင်းငွေလွှဲလုပ်ငန်း၀၆၇-၃၄၂၁၄၉၁၀၆၇-၃၄၂၁၃၁၁mebbudget@gmail.com 
(က) ငွေစုဘဏ်အပ်ငွေလုပ်ငန်း(ခ) ငွေစုလက်မှတ်လုပ်ငန်း(ဂ) စာရင်းသေအပ်ငွေလုပ်ငန်း၀၆၇-၃၄၂၁၄၉၅၀၆၇-၃၄၂၁၅၂၈ ၀၆၇-၃၄၂၁၄၉၆၀၆၇-၃၄၂၁၄၉၇ mebhosavingsdept@gmail.com 
(က) အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းရှင်များသို့ ချေးငွေ (SMEs)လုပ်ငန်း(ခ) ကျပ်သိန်း ၂၀၀၀ အထက် ကူးသန်းရောင်းဝယ်ရေးချေးငွေလုပ်ငန်း(ဂ) အိမ်ယာဖွံ့ဖြိုးရေးချေးငွေလုပ်ငန်း၀၆၇-၃၄၂၁၄၉၃၀၆၇-၃၄၂၁၄၉၄ ၀၆၇-၃၄၂၂၃၇၁၀၆၇-၃၄၂၁၄၉၈ mebifd@gmail.com 
(က) ဘဏ်လုပ်ငန်း(ခ) ကျပ်သိန်း ၂၀၀၀ အောက် ကူးသန်းရောင်းဝယ်ရေးချေးငွေလုပ်ငန်း(ဂ) နိုင်ငံခြားငွေလုပ်ငန်း(ဃ) နယ်စပ်ကုန်သွယ်ရေးလုပ်ငန်း(င) နှစ်ဆင့်ခံချေးငွေလုပ်ငန်း၀၆၇-၃၄၂၂၃၉၆၀၆၇-၃၄၂၁၅၃၀၀၆၇-၃၄၂၁၈၈၂၀၆၇-၃၄၂၂၅၀၁၀၆၇-၃၄၂၁၄၈၄၀၆၇-၃၄၂၂၃၉၆၀၆၇-၃၄၂၁၅၃၀၀၆၇-၃၄၂၁၈၈၂၀၆၇-၃၄၂၂၅၀၁၀၆၇-၃၄၂၁၄၈၄mebhoforex@gmail.commebhoforex@mptmail.net.com 
(က) ATM ၊ Online Phone Bill၊ မြန်မာနိုင်ငံကူးလက်မှတ်၊ မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်း(ခ)  ပြည်တွင်းပြည်ပသင်တန်းကိစ္စရပ်များ(ဂ) e- pension card လုပ်ငန်း(ဃ) Core Banking Solution စနစ်(င) နိုင်ငံတကာဆက်ဆံရေးလုပ်ငန်း၀၆၇-၃၄၂၁၄၃၇ ၀၆၇-၃၄၂၀၉၈၈၀၆၇-၃၄၁၄၉၀၁၀၆၇-၃၄၂၀၈၈၂၀၆၇-၃၄၂၁၄၃၇  ၀၆၇-၃၄၂၁၄၃၇ ၀၆၇-၃၄၂၀၉၈၈၀၆၇-၃၄၁၄၉၀၁၀၆၇-၃၄၂၀၈၈၂၀၆၇-၃၄၂၁၄၃၇  mebict@gmail.com   mebhortpr@gmail.commebird2013@gmail.com 
ရုံးတွင်းစာရင်းစစ်ဆေးခြင်းကိစ္စရပ်များ၀၆၇-၃၄၂၂၄၅၉၀၆၇-၃၄၁၄၇၆၀