မြန်မာ့စီးပွားရေးဘဏ်၏ Mobile Payment ဝန်ဆောင်မှုလုပ်ငန်း​

(၁၅.၁၀.၂၀၁၅) ရက်နေ့မှစတင်ကာ မြန်မာ့စီးပွားရေးဘဏ်သည် မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ အင်းဝဘဏ်လီမိတက်၊ Myanmar Mobile Money (MMM) ၊ Easy Pay တို့အကျိုးတူပူးပေါင်း၍ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၄) ခုရှိ မြန်မာ့စီးပွားရေးဘဏ် ခရိုင်နှင့်မြို့နယ်ဘဏ်ခွဲ (၂၈၁) ဘဏ်တွင် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ ပြည်သူများအနေဖြင့် MPT ၊ MECTel နှင့် Mytel Sim Card အသုံးပြု၍ မိုဘိုင်းဝန်ဆောင်မှုချိတ်ဆက်ထားခြင်းဖြင့် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုကို အသုံးပြုနိုင်မည်ဖြစ်ပါသည်။  ထို့ပြင် ငွေသားပေးသွင်းခြင်း၊ ထုတ်ယူခြင်း၊ ဖုန်းပြောဆိုခငွေဖြည့်တင်းခြင်းနှင့် အငြိမ်းစားလစာများကို Standing Instruction ပေးထားခြင်းဖြင့် ဘဏ်သို့ အကြိမ်ကြိမ်လာရောက်ရန်မလိုဘဲ ကိုယ်တိုင်အငြိမ်းစားလစာဖြစ်ပါက ခြောက်လတစ်ကြိမ်၊ မိသားစုအငြိမ်းစားလစာဖြစ်ပါက သုံးလတစ်ကြိမ်သာ လူတွေ့စစ်ဆေးခံရန်လိုအပ်ပြီး မိမိတို့လွယ်ကူအဆင်ပြေသည့် မြန်မာ့စီးပွားရေးဘဏ် (သို့မဟုတ်) MMM က ခန့်အပ်ထားသော ပြင်ပအေးဂျင့်များတွင် လစာကို ရိုးရှင်းလွယ်ကူစွာ ထုတ်နိုင်မည်ဖြစ်ပါသည်။

Credit : https://www.mopf.gov.mm/