နယ်စပ်ရေးရာဝန်ကြီးဌာန / SEPTEMBER 26, 2018
ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ
(က) ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်ရမည်၊
(ခ) အလယ်တန်းပညာအဆင့်ရှိသူ (သို့မဟုတ်) မြန်မာစာနှင့်အင်္ဂလိပ်စာ ရေးတတ်၊ ဖတ်တတ်သည့် အဆင့်ရှိရမည်၊
(ဂ) အသက် (၃၀) နှစ်ထက်မကြီးသူ အမျိုးသားဖြစ်ရမည်၊
(ဃ) သင်တန်းအပေါ် စိတ်၀င်စားသူဖြစ်ပြီး သင်တန်းကာလအစမှအဆုံးအထိ တက်ရောက် လိုသူဖြစ်ရမည်။
ဝန်ဆောင်ခ
ဝန်ဆောင်မှုအားလုံးအခမဲ့
လျှောက်ထားရန်အဆင့်များ
သင်တန်းတက်ရောက်ရန် စိတ်ပါဝင်စားသူများသည် လျှောက်လွှာပုံစံဖြည့်စွက်ပြီး နိုင်ငံသား မှတ်ပုံတင် မိတ္တူနှင့် အိမ်ထောင်စုစာရင်းမိတ္တူတို့ကို ပူးတွဲလျှောက်ထားနိုင်ပါသည်။
မှတ်ချက်။ ကရင်ပြည်နယ်၊ ဘားအံမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှု သင်တန်း ကျောင်းတွင် Bridge Asia Japan (BAJ) အဖွဲ့နှင့်ပူးပေါင်း၍ ဖွင့်လှစ်သည့် သင်တန်း များတွင် ကျား/မ မရွေး စိတ်အားထက်သန်ပြီး သင်တန်းတက်ရောက်ရန် စိတ်ပါ ဝင်စားသူများ လျှောက်လွှာပုံစံဖြည့်စွက်ပြီး နိုင်ငံသားမှတ်ပုံတင်မိတ္တူနှင့် အိမ်ထောင်စု စာရင်းမိတ္တူတို့ကို ပူးတွဲလျှောက်ထားနိုင်ပါသည်။
သင်တန်းအမျိုးအစား
(က) လက်သမား၊ပန်းရန်၊ သံချည်သံကွေးသင်တန်း ၆ လ
( ခ ) အခြေခံစက်ပြင်သင်တန်း ၆ လ
( ဂ ) လျှပ်စစ်နှင့်ဂဟေသင်တန်း ၆ လ
(ဃ) လက်ကိုင်ဖုန်းပြင်သင်တန်း ၆ လ
( င ) မော်တော်ယာဉ်စက်ပြင်သင်တန်း ၆ လ
၀န်ဆောင်မှု ရရှိနိုင်မည့် နေရာများ (သင်တန်းကျောင်းဆိုင်ရာအချက်များ)
စဉ် | ပြည်နယ်/တိုင်းဒေသကြီး | မြို့နယ် | ဖုန်းနံပါတ် |
၁ | ကရင်ပြည်နယ် | ဘားအံ | ၀၉-၂၅၀၀၈၈၁၇၄ |
၂ | ရခိုင်ပြည်နယ် | ကျောက်ဖြူ | ၀၉-၇၃၂၅၇၆၅၅ |
၃ | ပုဏ္ဏားကျွန်း | ၀၉-၂၅၂၃၈၆၅၁၇ | |
၄ | ရှမ်းပြည်နယ် | လောက်ကိုင် | ၀၉-၄၀၃၇၂၉၆၉၃ |
၅ | ကွတ်ခိုင် | ၀၉-၉၇၁၁၁၉၁၆၂ | |
၆ | တနင်္သာရီတိုင်းဒေသကြီး | ထားဝယ် | ၀၉-၄၅၀၀၆၀၁၆၅ |
၇ | ဧရာဝတီတိုင်းဒေသကြီး | လပွတ္တာ | ၀၉-၄၂၁၀၆၂၁၂၀ |
Website လိပ်စာwww.moba.gov.mm
Credit : https://myanmar.gov.mm/