ငွေပို့ငွေသယ်အာမခံ

နိုင်ငံပိုင်၊ သမဝါယမပိုင်၊ ပုဂ္ဂလိကပိုင် လုပ်ငန်းများတွင် ငွေကြေးကို တစ်နေရာမှ တစ်နေရာသို့ သယ်ဆောင်စဉ် လုယက်ခံရခြင်း၊ ခိုးယူခံရခြင်းကြောင့် နစ်နာဆုံးရှုံးမှုကို အာမခံ ထားခြင်းဖြစ်ပါသည်။ သယ်ယူသည့် ခရီးအကွာအဝေးမိုင်ပေါ်တွင် ပရီမီယံသတ်မှတ်ထားပြီး လျော့ပေါ့ပေးသည့်သတ်မှတ်ချက်များအရ လျော့ပေါ့နှုန်းများဖြင့် ပရီမီယံတွက်ချက် ပါသည်။ ပရီမီယံနှုန်းမှာ အနည်းဆုံး ၀.၀၁၇ % မှ ၀.၀၉ % ဖြစ်ပါသည်။ အာမခံသက်တမ်းမှာ ၁ ရက်မှ ၁နှစ်အထိ ထားရှိနိုင်ပါသည်။ တံဆိပ်ခေါင်းဖိုးမှာ (၁၀၀) ကျပ် ဖြစ်ပါသည်။