ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်း လိုင်စင် ထုတ်ပေးခြင်း

ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်း လိုင်စင် ထုတ်ပေးခြင်း
ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်း အမျိူးအစား (၁၀) မျိုး ရှိပါသည်။ ယင်းတို့မှာ
၁။ ပုဂ္ဂလိက အထွေထွေ ရောဂါကု ဆေးခန်း လုပ်ငန်း
၂။ ပုဂ္ဂလိက အထူးကု ဆေးခန်း လုပ်ငန်း
၃။ ပုဂ္ဂလိက အထွေထွေ ရောဂါကု ဆေးရုံ လုပ်ငန်း
၄။ ပုဂ္ဂလိက အထူးကု ဆေးရုံ လုပ်ငန်း
၅။ ပုဂ္ဂလိက ရောဂါ ရှာဖွေရေး လုပ်ငန်း (ဓါတ်ခွဲ/ ဓါတ်မှန်)
၆။ ပုဂ္ဂလိက သားဖွားခန်း လုပ်ငန်း
၇။ ပုဂ္ဂလိက သူနာ ပြုစုရေး ဂေဟာ လုပ်ငန်း
၈။ ပုဂ္ဂလိက ကျန်းမာရေး အကျိုးဆောင် လုပ်ငန်း
၉။ ပုဂ္ဂလိက နယ်လှည့် ကျန်းမာရေး လုပ်ငန်း
၁၀။ ပုဂ္ဂလိက အထွေထွေ ကျန်းမာရေး လုပ်ငန်း တို့ ဖြစ်ပါသည်။
(၁) ပုဂ္ဂလိက အထွေထွေ ရောဂါကု ဆေးခန်း လုပ်ငန်း
ပုဂ္ဂလိက အထွေထွေ ရောဂါကု ဆေးခန်း လုပ်ငန်း အတွက် လိုင်စင် လျှောက်ထားရန် လျှောက်လွှာ အား ဆေးခန်း တည်ရှိရာ မြို့နယ်၏ မြို့နယ် ကျန်းမာရေး ဦးစီး ဌာနမှူး ရုံးတွင် ရယူပြီး ကျန်းမာရေး ဝန်ကြီး ဌာနမှ သတ်မှတ်ထားသော လိုင်စင်ကြေးအား မြို့နယ် ကျန်းမာရေး ဦးစီး ဌာန ၏ ငွေထုတ်/ငွေသွင်း ပြုလုပ်သည့် ဘဏ်တွင် ငွေသွင်းပြီး မြို့နယ် ကျန်းမာရေး ဦးစီး ဌာန သို့ ချလံ ပေးပို့ ရပါသည်။လိုအပ်သော စာရွက်စာတမ်း ချလံ မူရင်း ဖြည့်စွက်ပြီး လျှောက်လွှာ မူရင်း၊ ပိုင်ရှင်၏ ဓါတ်ပုံ(၂ ” x ၁ ၁/၂ “)‌ ရောင်စုံ လိုင်စင် ဓါတ်ပုံ(၄)ပုံ၊ ဆေးခန်း ဆိုင်းဘုတ် ဓါတ်ပုံ၊ ဆေးခန်း အတွင်း၊ အပြင် ဓါတ်ပုံ စက်ပစ္စည်း ဓါတ်ပုံ လူနာ နားနေခန်း ဓါတ်ပုံ ဆေးခန်း တည်နေရာပြ မြေပုံ၊ ဆေးခန်း ဖွဲ့စည်းပုံ၊ ဆေးခန်း ဖွင့်လှစ်ရာ အဆောက်အဦး၏ ပိုင်ဆိုင်မှု အထောက်အထား၊ ကျန်းမာရေး စောင့်ရှောက်မှု ပေးသည့် ဆရာဝန်/ သူနာပြု၊ ကျွမ်းကျင်သူများ၏ ဘွဲ့လက်မှတ်၊ ဆမ၊ သူနာပြု / သားဖွား လိုင်စင်၊ ကျွမ်းကျင်အောင် လက်မှတ် တို့နှင့် အတူ မြို့နယ် ကျန်းမာရေး ဦးစီး ဌာနမှူးရုံး တွင် မိတ္တူ တစ်စုံ ပေးပို့ တင်ပြ လျှောက်ထား ရမည် ဖြစ်ပါသည်။တင်ပြ လျှောက်ထား လာသော ဆေးခန်း များအား မြို့နယ် ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်း ကော်မတီ မှ စစ်ဆေးပြီး စစ်ဆေးချက် ပုံစံတွင် အဖွဲ့ဝင်များ ၏ လက်မှတ်၊ သဘောထား မှတ်ချက် နှင့် အတူ ရန်ကုန်တိုင်း ဒေသကြီး ကျန်းမာရေး ဦးစီး ဌာနမှူး ရုံးသို့ တင်ပြရပါသည်။ ရန်ကုန်တိုင်း ဒေသကြီး ကျန်းမာရေး ဦးစီး ဌာနမှူး ရုံးမှ အဆိုပါ လျှောက်လွှာများကို စီစစ်ပြီး သတ်မှတ်ချက်နှင်‌့ ကိုက်ညီသည့် ဆေးခန်းများအား လုပ်ငန်း လိုင်စင် ထုတ်ပေးပြီး မြို့နယ် ကျန်းမာရေး ဦးစီး ဌာနမှူးရုံးမှ တစ်ဆင့် သက်ဆိုင်ရာ ဆေးခန်းများသို့ လုပ်ငန်း လိုင်စင်များ ဖြန့်ဝေပေးပါသည်။
(၂) ကျန် ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်း (၉)မျိုး ၏ လျှောက်လွှာများ
ကျန် ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်း (၉)မျိုး ၏ လျှောက်လွှာများကို ရန်ကုန်တိုင်း ဒေသကြီး ကျန်းမာရေး ဦးစီး ဌာနမှူး ရုံး (၅၂၀)၊ အနောက် မြင်းပြိုင်ကွင်းလမ်း၊ ဗဟန်းမြို့နယ်တွင် ရယူပြီး အထက် ဖော်ပြပါ အတိုင်း ကာယကံရှင်မှ ပူးတွဲ တင်ပြရမည့် အချက်အလက်များနှင့် အတူ မြို့နယ် ကျန်းမာရေး ဦးစီး ဌာနမှူး ရုံးသို့ မူရင်းနှင့် တကွ မိတ္တူ (၂)စုံ တင်ပြ လျောက်ထား ရမည် ဖြစ်ပါသည်။ တင်ပြ လျှောက်ထား လာသည့် ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်းများကို မြို့နယ်/ ခရိုင်/ တိုင်း ဒေသကြီး ပုဂ္ဂလိက လုပ်ငန်း ကော်မတီမှ စစ်ဆေးပြီး သဘောထား မှတ်ချက်နှင့် အတူ ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်း ဗဟို အဖွဲ့ ၊ ကျန်းမာရေး ဦးစီး ဌာန၊ နေပြည်တော်သို့ တင်ပြ ရပါသည်။ ကျန်းမာရေး ဦးစီး ဌာနမှ လိုအပ်သလို ကွင်းဆင်း စစ်ဆေးပြီး သတ်မှတ်ချက်နှင်‌့ ကိုက်ညီသော လုပ်ငန်းများအား လိုင်စင် ထုတ်ပေးရာ အဆိုပါ လိုင်စင်များအား ရန်ကုန်တိုင်း ဒေသကြီး ကျန်းမာရေး ဦးစီး ဌာနမှူး ရုံးမှ တစ်ဆင့် သက်ဆိုင်ရာ ကာယကံရှင်များ ထံသို့ ဖြန့်ဝေ ပေးပါသည်။ လိုင်စင် ရရှိ ပြီးသည့် လုပ်ငန်းများသည် လိုင်စင်၏ သက်တမ်း မကုန်ဆုံးမီ ရက်ပေါင်း (၆၀) ကြိုတင် ၍ လိုင်စင် သက်တမ်းတိုး လျှောက်ထား ရမည် ဖြစ်သည်။
ဝန်ဆောင်မှု ပေးသည့် ရုံးတည်နေရာ
တိုင်းဒေသကြီး ကျန်းမာရေး ဦးစီး ဌာန
အမှတ် (၅၂၀) ၊အနောက် မျဉ်းပြိုင်ကွင်းလမ်း၊ ၊ ရန်ကုန်တိုင်း ဒေသကြီး။

Credit: eYangon