ပြည်ပရိုက်ကူးရေးအဖွဲ့များ မြန်မာနိုင်ငံတွင် ရိုက်ကူးခွင့်ရရန်လျှောက်ထားခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / APRIL 19, 2018

ဝန်ဆောင်မှုရယူရန် အခြေခံ လိုအပ်ချက်များ

(၁)       ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး (သို့မဟုတ်) ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ ရုပ်ရှင် မြှင့်တင်ရေးဌာနခွဲ mmpe.myanmar@gmail.com သို့ Email ဖြင့်ဆက်သွယ် စုံစမ်းရမည်။

(၂)       မြန်မာနိုင်ငံရှိ ခရီးသွားကုမ္ပဏီ တစ်ခုခုနှင့် ချိတ်ဆက် ထားရမည်။

(၃)       ရိုက်ကူးရေးခရီးစဉ်၊ ရိုက်ကူးရေးအဖွဲ့ဝင် အမည်စာရင်းနှင့် Passport မိတ္တူ၊ သယ်ဆောင်လာရမည့်ပစ္စည်းစာရင်း တို့ကို တင်ပြရမည်။

လိုအပ်သော စာရွက်စာတမ်းများ

  • ရိုက်ကူးရေးခရီးစဉ်၊
  • ရိုက်ကူးရေးအဖွဲ့ဝင်အမည်စာရင်းနှင့် Passport မိတ္တူ၊
  • သယ်ဆောင်လာမည့်ပစ္စည်းစာရင်း

ဝန်ဆောင်ခ

သာမန်သတင်းမှတ်တမ်း ရိုက်ကူးခြင်းများအတွက် ဒေသတစ်ခုလျှင် Area Fees မြန်မာကျပ်ငွေ (၅၀၀,၀၀၀) နှင့် Service Charges ကျပ် (၁၀၀,၀၀၀)

စီးပွားဖြစ် ရိုက်ကူးခြင်းများအတွက် ကောက်ခံမည့် Area Fees များအား အောက်တွင် ဖော်ပြထားပါသည်။

(က)    စီးပွားဖြစ်ရိုက်ကူးခြင်း

စဉ်နေရာဒေသကောက်ခံမည့်ငွေ(ကျပ်)
၁။ပုဂံ ညောင်ဦး၃၀,၀၀၀၀၀
၂။ညောင်ရွှေ အင်းလေး၃၀,၀၀၀၀၀
၃။မန္တလေး ၊ စစ်ကိုင်း ၊ အင်းဝ ၊ မင်းကွန်း၃၀,၀၀၀၀၀
၄။ရန်ကုန်၂၀,၀၀၀၀၀
၅။ကျိုက်ထီးရိုး၂၀,၀၀၀၀၀
၆။တောင်ကြီး ၊ ဖယ်ခုံ၂၀,၀၀၀၀၀
၇။ပြင်ဦးလွင်၂၀,၀၀၀၀၀
၈။ငပလီ ၊ မြောက်ဦး၂၀,၀၀၀၀၀
၉။ကျိုင်းတုံ ၊ တာချီလိတ် ၊ မိုင်းလား၂၀,၀၀၀၀၀
၁၀။ကော့သောင်း၂၀,၀၀၀၀၀
၁၁။ပြည်၁၅,၀၀၀၀၀
၁၂။ပဲခူး ၊ တောင်ငူ၁၅,၀၀၀၀၀
၁၃။ချောင်းသာ ၊ ကမ်းသာယာ၁၀,၀၀၀၀၀
၁၄။မော်လမြိုင် ၊ ကျိုက္ခမီ ၊ စက်စဲ၁၀,၀၀၀၀၀
၁၅။မြဝတီ ၊ ဘားအံ၁၀,၀၀၀၀၀
၁၆။မောင်းမကန် ၊ ထားဝယ် ၊ ကံပေါက်၁၀,၀၀၀၀၀
၁၇။မြိတ်နှင့်ကျွန်းများ၁၀,၀၀၀၀၀
၁၈။ပင်းတယ၁၀,၀၀၀၀၀
၁၉။ချင်းတောင် ၊ ကချင်ပြည်နယ် ၊ ကယားပြည်နယ်၁၀,၀၀၀၀၀

(ခ)     သာမန်မှတ်တမ်း ရိုက်ကူးခြင်း

သာမန်သတင်းမှတ်တမ်း ရိုက်ကူးလိုသော နိုင်ငံခြားရိုက်ကူးရေးအဖွဲ့များအတွက် ရိုက်ကွင်းကြေး (Area Fees) ကို အထက်အပိုဒ် (က) တွင် ဖော်ပြထားသည့် ဒေသတစ်ခုလျှင် မြန်မာကျပ်ငွေ (၅,၀၀၀၀၀) သတ်မှတ်ပါသည်။

(ဂ)     စီးပွားဖြစ်ရိုက်ကူးခြင်း နှင့် သာမန်ရိုက်ကူးခြင်းတို့အတွက် ရိုက်ကူးရေးကြီးကြပ်ခ (Service Charges) တစ်ရက်လျှင် မြန်မာကျပ်ငွေ (၁,၀၀၀၀၀) သတ်မှတ်၍ ထပ်မံရယူ ဆောင်ရွက်သွားမည် ဖြစ်ပြီး ရိုက်ကူးရေးခရီးစဉ်တစ်လျှောက်လုံးတွင် ဆက်သွယ်ရေး အရာရှိ / တာဝန်ခံ အတွက် သွားလာနေထိုင်စားသောက်စရိတ် များကိုလည်း နိုင်ငံခြားရိုက်ကူးရေးအဖွဲ့မှ ကျခံရမည်ဖြစ်ပါသည်။

လျှောက်ထားရန်အဆင့်များ

မရှိပါ။

ဆက်သွယ်ရ မည့် လိပ်စာ

ရန်ကုန်

အမှတ် (၅၀) ၊ ရွှေတောင်ကြားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့

ဝန်ဆောင်မှုရရှိနိုင် မည့်တည်နေရာများ

ရန်ကုန်
အမှတ် (၅၀) ၊ ရွှေတောင်ကြားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့

ဖြည့်စွက်ချက်

ခရီးစဉ် တစ်လျောက်လုံးတွင် ရိုက်ကူးရေးလုပ်ငန်းများနှင့် ပတ်သက်၍ အခြား ဌာနဆိုင်ရာ/အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန် ရုပ်ရှင် မြှင့်တင်ရေးဌာနခွဲမှ ဆက်သွယ်ရေး တာဝန်ခံတစ်ဦး လိုက်ပါကြီးကြပ် မည် ဖြစ်ပြီး အဆိုပါဆက်သွယ်ရေး တာဝန်ခံ  အတွက် သွားလာနေထိုင် စားသောက် စရိတ်ကို နိုင်ငံခြား ရိုက်ကူးရေးအဖွဲ့မှ ကျခံရမည်။

Credit : https://myanmar.gov.mm/