ပြင်ပ ယာဉ်ငယ်မောင်း / ယာဉ်ကြီးမောင်း / ယာဉ်ပြင် လက်တွေ့ လေ့ကျင့်သင်ကြားပေးခြင်း။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / APRIL 11, 2018

ဝန်ဆောင်မှုရယူရန်အခြေခံလိုအပ်ချက်များ

ယာဉ်ငယ်မောင်း

–    လျှောက်ထားလိုသူသည် အသက်(၁၈)နှစ် ပြည့်ပြီးဖြစ်ရမည်။

–    သင်လိုင်စင် သက်တမ်း(၃)လ ပြည့်မြောက်သည့်အချိန်ရောက်လျှင်“ခ”ယာဉ်မောင်းလိုင်စင်ကို   ထုတ်ပေးမည်။

ယာဉ်ကြီးမောင်း

–    လျှောက်ထားလိုသူသည် အသက်(၂၀)နှစ် ပြည့်ပြီးဖြစ်ရမည်။

–    အထူးကိစ္စတစ်ရပ်အဖြစ် “ခ” လိုင်စင်သက်တမ်း( ၃ )နှစ် ပြည့်ပြီးသူများအား စိစစ်ရွေးချယ် သင်ကြားလေ့ကျင့်ပေးမည်ဖြစ်ပြီး “င”ယာဉ်မောင်းလိုင်စင်ကို ထုတ်ပေးမည်။

ဝန်ဆောင်ခ

–    ယာဉ်ငယ်မောင်းသင်တန်းကြေး  –     ၉၀၀၀၀ကျပ်

–    ယာဉ်ကြီးမောင်းသင်တန်းကြေး  –   ၂၃၀၀၀၀ကျပ်

–    ယာဉ်ပြင်သင်တန်းကြေး            –     ၅၀၀၀၀ကျပ်

လိုအပ်သောစာရွက်စာတမ်းများ

ယာဉ်ငယ်/ယာဉ်ပြင် သင်တန်းအတွက် လိုအပ်ချက်

(က)   နိုင်ငံသားစိစစ်ရေးကတ် (သို့)  မှတ်ပုံတင်(မိတ္တူ-၃စောင်)

(ခ)     ရပ်ကွက်အုပ်ချုပ်ရေးမှူးထောက်ခံစာ

(ဂ)     ဓါတ်ပုံ(၈)ပုံ (နောက်ခံအပြာရောင် ၊ နက်ကတိုင်)

ယာဉ်ကြီးမောင်း သင်တန်းအတွက် လိုအပ်ချက်

(က)   နိုင်ငံသားစိစစ်ရေးကတ် (သို့)  မှတ်ပုံတင်(မိတ္တူ-၃စောင်)

(ခ)     ရပ်ကွက်အုပ်ချုပ်ရေးမှူးထောက်ခံစာ

(ဂ)     ဓါတ်ပုံ(၈)ပုံ (နောက်ခံအပြာရောင် ၊ နက်ကတိုင်)

(ဃ)   “ခ”လိုင်စင်မူရင်း

လျှောက်ထားရန် အဆင့်များ

ပြင်ပယာဉ်ငယ်မောင်း/ ယာဉ်ကြီးမောင်း/ ယာဉ်ပြင်သင်တန်းတက်ရောက်ရန် လျှောက်ထားခြင်း

အဆင့်-၁

ပြင်ပယာဉ်ငယ်မောင်း/ ယာဉ်ကြီးမောင်း/ ယာဉ်ပြင်သင်တန်းတက်ရောက်ရန် စာရင်းပေးသွင်းထားခြင်း။

ပြင်ပယာဉ်ငယ်မောင်း/ ယာဉ်ကြီးမောင်း/ ယာဉ်ပြင်သင်တန်းတက်ရောက်ရန် စာရင်းပေးသွင်းရာတွင် ပြင်ပသင်တန်းလက်ခံဌာန ( ၁ ) ခု  ဖွင့်လှစ်၍ လက်ခံပေးလျှက်ရှိပါသည်။ လူတိုင်းလေ့ကျင့် သင်ကြားနိုင်ရန် သင်ကြားမှု/ သင်ယူမှု ပစ္စည်းများကို ပြည့်စုံစွာ  စီစဉ်ပေးထားပါသည်။

အဆင့်-၂   

သင်တန်းမစတင်မီ (၁)ပတ်ကြိုတင်၍ လာရောက်သတင်းပို့ရပါမည်။

အဆောင်ကြေး အခမဲ့ဖြစ်ပါသည်။

ဆက်သွယ်ရမည့်လိပ်စာ

ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း ကျောက်ပန်းတောင်းလမ်း ၊ မိတ္ထီလာမြို့

ပြင်ပယာဉ်မောင်း/ယာဉ်ပြင်သင်တန်း

ဖုန်းနံပါတ်-   ၀၉-၄၉၂၉၃၇၃၇

              –   ၀၆၄-၂၃၅၄၅(လိုင်းခွဲ-၁၁၅) / ၀၉-၄၀၂၆၄၅၅၀၃

ယာဉ်ကြီးမောင်းသင်တန်း

ဖုန်းနံပါတ်-   ၀၆၄-၂၃၅၄၅(လိုင်းခွဲ-၁၁၅) / ၀၉-၄၄၄၀၃၄၆၈၉

E-mail    –   citc.motc@gmail.com

Credit : https://myanmar.gov.mm/