အီလက်ထရောနစ်ဖြင့်ကုမ္ပဏီ မှတ်ပုံတင်ခြင်း

အီလက်ထရောနစ် မှတ်ပုံတင်စနစ် (MyCO) တွင် ၂၀၂၀ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့မှစတင်၍ ကုမ္ပဏီ ဖွဲ့စည်းတည်ထောင်မှု သက်သေခံ လက်မှတ် မိတ္တူမှန်၊ အီလက်ထရောနစ်စနစ်ဖြင့် ကုမ္ပဏီ၏ ဖွဲ့စည်းပုံ အခြေခံ စည်းမျဉ်း မှန်ကန်ကြောင်း ထောက်ခံခြင်းနှင့် ကုမ္ပဏီ၏ သမိုင်းကြောင်းဆိုင်ရာ အသေးစိတ် အချက်အလက်များအား ဝယ်ယူနိုင်ပြီ ဖြစ်ပါသည်။

MyCO မှတ်ပုံတင်စနစ်ကို အသုံးပြု၍ သင်၏ ကုမ္ပဏီကို မှတ်ပုံတင်နိုင်ပြီး မြန်မာနိုင်ငံတွင် မှတ်ပုံတင် ထားသည့်ကုမ္ပဏီများ အားလုံး၏ သတင်းအချက်အလက်များကို ရှာဖွေ နိုင်ပါသည်။

  • မြန်မာနိုင်ငံရှိ မှတ်ပုံတင်ကုမ္ပဏီများအားလုံး၏ အသေးစိတ်အချက်အလက်များကို ၀င်ရောက်ရှာဖွေ ကြည့်ရှခြင်း
  • သင်၏ကုမ္ပဏီကို မှတ်ပုံတင်ခြင်း
  • ကုမ္ပဏီ၏ တရား၀င်စာရွက်စာတမ်းများနှင့် ကောက်နုတ်ချက်များကို ၀ယ်ယူနိုင်ခြင်း

MyCO မှတ်ပုံတင်စနစ်ကို အသုံးပြု၍ ကုမ္ပဏီများရှာဖွေခြင်းသည် ရှင်းလင်းလွယ်ကူပါသည်။ ကုမ္ပဏီအမည် သို့မဟုတ် မှတ်ပုံတင်အမှတ်ကို အောက်တွင် ဖော်ပြထားသည့်နေရာတွင် ရိုက်ထည့်ခြင်းဖြင့် စတင်ရှာဖွေနိုင်ပါသည်။

ကုမ္ပဏီမှတ်ပုံတင်ခြင်းအကြောင်းကို ပိုမိုလေ့လာလိုပါက menu ပေါ်ရှိ ကုမ္ပဏီမှတ်ပုံတင်ခြင်း အချိတ်အဆက်လမ်းကြောင်း link ကိုနှိပ်၍ ကုမ္ပဏီမှတ်ပုံတင်ရန် လမ်းညွှန်ကို ကြည့်ရှုနိုင်ပါသည်။ တည်ဆဲကုမ္ပဏီ၏ အသေးစိတ်အချက်အလက်များ ပြောင်းလဲခြင်းအတွက် တင်သွင်း ရန် နှင့်စပ်လျဉ်း၍ ပိုမို လေ့လာလိုပါက menu ပေါ်ရှိ ကုမ္ပဏီ အသေးစိတ်အချက်အလက်များ ပြောင်းလဲခြင်း အချိတ်အဆက်လမ်းကြောင်း link ကိုနှိပ်၍ လမ်းညွှန်ကို ကြည့်ရှုနိုင်ပါသည်။

https://www.myco.dica.gov.mm/index.aspx?lang=my-MM

ကုမ္ပဏီအသစ်တစ်ခုကို မှတ်ပုံတင်ရန်နည်းလမ်း

၁။  MyCO စာရင်းတစ်ခုဖွင့်လှစ်ခြင်း
ကုမ္ပဏီတစ်ခုဖွဲ့စည်းတည်ထောင်ရန် အွန်လိုင်းစနစ်ဖြင့် လျှောက်ထားတင်ပြရန် ရှေးဦးစွာ MyCO မှတ်ပုံတင်စနစ်တွင် စာရင်းတစ်ခု ဖွင့်လှစ်ရန် လိုအပ်ပါသည်။ စာရင်းအသစ်တစ်ခုဖွင့်လှစ်ရန် စာရင်းတစ်ခု ဖွင့်လှစ်ရန် နည်းလမ်းတွင် ကြည့်ရှုပါ။

၂။ ကုမ္ပဏီမှတ်ပုံတင်ရန် လိုအပ်သည့် သတင်းအချက်အလက်များ စုဆောင်းခြင်း
MyCO စာရင်းတစ်ခု ဖွင့်လှစ်ပြီးသည်နှင့်တစ်ပြိုင်နက် ကုမ္ပဏီတစ်ခု ဖွဲ့စည်းတည်ထောင်ရန် သို့မဟုတ် အဖွဲ့အစည်းတစ်ခု မှတ်ပုံတင်ရန် အွန်လိုင်းစနစ်ဖြင့် လျှောက်ထားခြင်းကို ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

ကုမ္ပဏီဖွဲ့စည်းရန် လိုအပ်သည့် သတင်းအချက်အလက်များသည် ဖွဲ့စည်းမည့် ကုမ္ပဏီအမျိုးအစားပေါ် မူတည်ပါသည်။ လျှောက်ထားလွှာပုံစံကို ပုံစံများ နှင့် အခကြေးငွေများ စာမျက်နှာတွင် တွေ့ရှိနိုင်ပါသည်။ ပါ၀င်ရမည့်သတင်းအချက်အလက်များမှာ-

ကုမ္ပဏီအမည်
အဆိုပြုကုမ္ပဏီအမည်ကို အင်္ဂလိပ်ဘာသာဖြင့်ဖော်ပြရမည်။ မြန်မာဘာသာဖြင့် ဖော်ပြလိုက ဖော်ပြနိုင် သည်။

ကုမ္ပဏီ၏ ဆက်သွယ်ရန် အသေးစိတ်အချက်အလက်များ
မှတ်ပုံတင်ထားသည့် ရုံးခန်းနှင့် အဓိကစီးပွားရေးလုပ်ငန်း လုပ်ဆောင်သည့်နေရာအပါအ၀င် ကုမ္ပဏီ၏ ဆက်သွယ်ရန် လိပ်စာ (အပြည့်အစုံ) ကို ဖော်ပြရမည်။

ဒါရိုက်တာများနှင့် အတွင်းရေးမှူး
ကုမ္ပဏီ၏ ဒါရိုက်တာများအားလုံးနှင့် အတွင်းရေးမှူး (ရှိခဲ့လျှင်) ကို မှတ်ပုံတင်ရမည်။ မြန်မာနိုင်ငံသား ဖြစ်လျှင် ဒါရိုက်တာနှင့် အတွင်းရေးမှူးတို့၏ အမျိုးသားမှတ်ပုံတင်ကတ်ပြား/ နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူနှင့် နိုင်ငံခြားသားဖြစ်လျှင် နိုင်ငံကူးလက်မှတ်မိတ္တူတို့ကို ပူးတွဲထည့်ပေးရမည်။

အစုရှယ်ယာမတည်ငွေရင်းနှင့် ကုမ္ပဏီတွင် ပါ၀င်သူများ
အစုရှယ်ယာမတည်ငွေရင်းနှင့် အစုရှယ်ယာရှင်များအားလုံးကို မှတ်ပုံတင်ရမည်။ ကုမ္ပဏီသည် မူရင်းအစုများပိုင်ဆိုင်သည့် ကုမ္ပဏီမှ ထိန်းချုပ်ထားသည့် ကုမ္ပဏီဖြစ်လျှင် အဆိုပါ မူရင်းအစုများ ပိုင်ဆိုင်သည့် ကုမ္ပဏီမှ ထိန်းချုပ်ထားသည့်ကုမ္ပဏီ၏ သတင်းအချက်အလက်များကိုပါ တင်ပြရမည်။

ကုမ္ပဏီဖွဲ့စည်းပုံအခြေခံစည်းမျဉ်း
ကုမ္ပဏီသည် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းပုံစံကို အသုံးပြုခြင်းမဟုတ်လျှင် ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းမိတ္တူတစ်စောင်ကို တင်ပြရန်လိုအပ်မည်ဖြစ်သည်။

၃။  အွန်လိုင်းလျှောက်ထားခြင်း
အွန်လိုင်းလျှောက်ထားခြင်းစတင်ရန် MyCO မှတ်ပုံတင်စနစ်၏ မူလစာမျက်နှာသို့ ၀င်ရောက်ပြီး ကုမ္ပဏီအသစ်မှတ်ပုံတင်ခြင်း အချိတ်အဆက်လမ်းကြောင်း (Link) ကို နှိပ်ရမည်။ မှတ်ပုံတင်မည့် ကုမ္ပဏီ အမျိုးအစားကို ရွေးချယ်ပြီး လျှောက်ထားလွှာပုံစံတွင် ပြည့်စုံစွာ ဖြည့်သွင်းရမည်။ ပေးသွင်းရမည့် အခကြေးငွေကို ပေးသွင်းပြီး မှတ်ပုံတင်အရာရှိမှ ကြည့်ရှုနိုင်ရန် တင်ပြရမည်။ MyCO သို့ Credit Card နှင့် MPU Cards များဖြင့် ပေးသွင်းနိုင်သည်။ ငွေသားဖြင့် ပေးချေရန်တင်ပြခြင်းကို MyCO မှတ်ပုံတင် စနစ်တွင် သိမ်းဆည်းပြီး၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနရုံးတွင် အခကြေးငွေများ ပေးချေရန် ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနရုံးတွင် ပေးချေခြင်းကို သင်၏စာရင်းတွင် စာရင်းတင်ပေးမည်ဖြစ်ပါသည်။ သင်၏ စာရင်းတွင် အခကြေးငွေများ ပေးချေခြင်းကို စာရင်းတင်ပြီးနောက် သင်၏ လျှောက်ထားခြင်းမူကြမ်းကို Active Filings menu option တွင် တွေ့ရှိနိုင်ပါသည်။ လျှောက်ထားခြင်းအတွက် ပေးချေထားကြောင်း သင်၏ပေးသွင်းငွေစာရင်းများကို MyCO မှတ်ပုံတင်စနစ်တွင် ရရှိနိုင်မည် ဖြစ်သည်။ အခကြေးငွေများ မပေးချေမချင်း MyCO မှတ်ပုံတင် စနစ်က သင်၏လျှောက်ထားလွှာကို ဆောင်ရွက်ပေးလိမ့်မည်မဟုတ်ပါ။

၄။  ကုမ္ပဏီ ဖွဲ့စည်းတည်ထောင်မှုသက်သေခံလက်မှတ် လက်ခံရရှိခြင်း
လျှောက်ထားလွှာတင်သွင်းပြီးသည့်အခါ အဆိုပါလျှောက်ထားလွှာကို မှတ်ပုံတင်အရာရှိမှ ကြည့်ရှရန် ပေးပို့မည်ဖြစ်သည်။ သင်၏လျှောက်ထားလွှာကို ခွင့်ပြုသည့်အခါ ကုမ္ပဏီ ဖွဲ့စည်းတည်ထောင်မှု သက်သေခံလက်မှတ်ကို အီးမေးလ်ဖြင့် သင့်ထံ ပေးပို့မည်ဖြစ်သည်။ သင့်ကုမ္ပဏီ၏ အသေးစိတ် အချက်အလက်များကို အီလက်ထရောနစ်ကုမ္ပဏီမှတ်ပုံတင်စနစ် (MyCO) တွင် အများပြည်သူများမှ ၀င်ရောက် ကြည့်ရှုနိုင်ပါသည်။