နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းနှင့် သက်တမ်းတိုးခြင်း
ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ
လျှောက်ထားသူအားလုံးပါရှိရမည့် အထောက်အထား
- နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်းနှင့် မိတ္တူ (၂)စုံ
- အိမ်ထောင်စုစာရင်း မူရင်းနှင့် မိတ္တူ (၂)စုံ
- အသက် (၁၂) အောက်ဖြစ်လျှင် မွေးစာရင်း မူရင်းနှင့် မိတ္တူ (၂)စုံ
သင်္ဘောသားများဖြစ်ပါက
- ပြည်တွင်းရေကြောင်းမှ ခြေခံပင်လယ်ပြင် အသက်အန္တရာယ်လုံခြုံမှု သင်တန်းဆင်းလက်မှတ် မူရင်းနှင့် မိတ္တူ (၂)စုံ
- သက်တမ်းတိုးပါက မြန်မာနိုင်ငံကူးလက်မှတ် စာအုပ်ဟောင်း၊ သင်္ဘောသားလုပ်သက်မှတ်တမ်း (CDC) စာအုပ်မူရင်းနှင့် မိတ္တူ (၂)စုံ
စီးပွားရေးမနလလျှောက်ထားသူများ
- ကုမ္ပဏီမှတ်ပုံတင်မူရင်းနှင့် မိတ္တူ (၂)စုံ
- ပုံစံ (၂၆/၂၆) မူရင်းနှင့် မိတ္တူ (၂)စုံ
ကျောင်း/သင်တန်းများတက်ရောက်လိုလျှင်
- သက်ဆိုင်ရာကျောင်း၏ ခေါ်စာနှင့် မိတ္တူ (၂)စုံ
- ပြည်ပအလုပ်အကိုင်အတွက် လျှောက်ထားသူများ
- အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ထုတ်ပေးထားသည့် နိုင်ငံခြား အလုပ်သမား မှတ်ပုံတင်ကတ်ပြား မူရင်းနှင့် မိတ္တူ (၂)စုံ
မှီခိုလျှောက်ထားသူများ
- နိုင်ငံခြားသား မှီခိုဖြစ်ပါက အပြန်လေယာဉ်စရိတ်ပေးသွင်းပြီးကြောင်း ထောက်ခံစာ
- လက်ထပ်စာချုပ်ကဲ့သို့သော အထောက်အထားများ
ရဟန်းသံဃာများ၊ သီလရှင်များ
- သာသနာဝင်ကတ်ပြား မူရင်းနှင့် မိတ္တူ (၂)စုံ
- မြို့နယ်သံဃနာယကအဖွဲ့၏ ထောက်ခံချက် မူရင်းနှင့် မိတ္တူ(၂)စုံ
ဝန်ထမ်းများ
- သက်ဆိုင်ရာဝန်ကြီးဌာန၏ ပြည်တွင်းပြည်ပတွင် ခံစားခွင့်မူရင်းနှင့် မိတ္တူ (၂)စုံ
- တပ်မတော်သား မိသားစုဝင်များ
- ကက (ကြည်း) ၏ ထောက်ခံချက်မူရင်းနှင့် မိတ္တူ (၂)စုံ
ပြစ်ဒဏ်ကျခံဘူးသူများ
- ထောင်ထွက်လက်မှတ် မူရင်းနှင့် မိတ္တူ (၂)စုံ
- GREEN CHANNEL-GC
- ဆေးကု၊ ဆေးကုဖော်၊ ပညာရေး၊ သင်တန်း၊ ကျောင်း၊ ပြပွဲ၊ ပြိုင်ပွဲ၊ လေ့လာရေး၊ အစည်းအဝေး၊ ဆွေးနွှေးပွဲ၊ ပြည်ပသို့ ခွင့်ဖြင့် သွားရောက်မည့် နိုင်ငံ့ဝန်ထမ်းများ၊ ပြည်ပမှ ခွင့့်ဖြင့်ပြန်လာသူများ၊ နိုင်ငံကူးလက်မှတ်တွင် သက်တမ်းကျန်ပြီး စာရွက်ကုန်၍ ပြန်လည်လျှောက်ထားသူများအား GREEN CHANNEL အစီအစဉ်ဖြင့် လျှောက်ထားပြီး (၅)ရက်အကြာတွင် စာအုပ်ထုတ်ပေးပါသည်။
သီးသန့်ဆောင်ရွက်ပေးမှု
- ရဟန်းသံဃာများ၊ သီလရှင်များ
- အသက် (၆၀)အထက်၊ အသက် (၁၀)နှစ်အောက်၊
- ကိုယ်ဝန်ဆောင်မိခင်များ၊ ကျန်းမာရေးချို့တဲ့နေသူများအား
- ရုံး၏ပထမထပ်တွင် သီးသန့်ဆောင်ရွက်ပေးလျက်ရှိပါသည်။
အိမ်တိုင်ရာရောက်ဆောင်ရွက်ပေးမှု အခြေအနေ
- အသက် (၆၀)ကျော်နှင့်အထက်
- ဆေးရုံ၊ ဆေးခန်းများတွင် ဆေးဝါးကုသမှု ခံယူနေသူများ၊
- ကျန်းမာရေး အခြေအနေအရ ကိုယ်တိုင်လာရောက်နိုင်ခြင်း မရှိသူများ၊
ကာယကံရှင်မှ စိစစ်ရမည့် အချက်များ
- အမည် အင်္ဂလိပ်စာလုံးပေါင်း မှန်ကန်မှု ရှိ၊ မရှိ
- မွေးသက္ကရာဇ် မှန်ကန်မှု ရှိ၊ မရှိ
- ကျား/မ ရေးသွင်းချက် မှန်ကန်မှု ရှိ၊ မရှိ
- မွေးဇာတိမှန်ကန်မှု ရှိ၊ မရှိတို့အား
- Slip ရရှိချိန်တွင် လျှောက်ထားသူကိုယ်တိုင် စိစစ်ရမည်ဖြစ်သည်။
ဝန်ဆောင်ခ
- မြန်မာ့စီးပွားရေးဘဏ် (မနလစာအုပ်ဖိုး) ၁၉ ၀၀၀ ကျပ်
- Online ဝန်ဆောင်ခ ၁ ၀၀၀ ကျပ်
- မနလဆေးဖိုး၊ မင်ဖိုးနှင့် ပြုပြင်ထိန်းသိမ်းခ ၁ ၀၀၀ ကျပ်
- ဓာတ်ပုံဖိုး ၂ ၀၀၀ ကျပ်
- လျှောက်လွှာပုံစံ ၂၀၀ ကျပ်
- စက်ပစ္စည်းနှင့် ဝန်ဆောင်ခ ၁ ၈၀၀ ကျပ်
- စုစုပေါင်း ၂၅ ၀၀၀ ကျပ်
ဆက်သွယ်ရမည့်လိပ်စာ
နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး၊ ရန်ကုန်။
Credit: myanmar.gov.mm