သမာဓိအာမခံလျှောက်ထားခြင်း – မြန်မာ့အာမခံ

နိုင်ငံပိုင်၊ သမဝါယမပိုင်၊ ပုဂ္ဂလိကပိုင် လုပ်ငန်းများတွင် ငွေကြေးကိုင်တွယ်ရန် တာဝန်ပေး အပ်ခြင်းခံရသူကြောင့် ငွေကြေးပျောက်ဆုံးခြင်း၊ အလွဲသုံးစားပြုခံရခြင်းကြောင့် နစ်နာဆုံးရှုံးမှုကို အာမခံထားခြင်း ဖြစ်ပါသည်။ အာမခံသက်တမ်း (၁)နှစ် ဖြစ်ပါသည်။ နိုင်ငံဝန်ထမ်းများ၊ အစိုးရ ဘဏ်နှင့် ပုဂ္ဂလိကဘဏ်များ၏ဝန်ထမ်းများအတွက် ပရီမီယံနှုန်း ၁ %၊ သမဝါယမဝန်ထမ်းများနှင့် ပုဂ္ဂလိက လုပ်ငန်းများမှ ဝန်ထမ်းများအတွက် ၂ % ဖြစ်ပါသည်။ တံဆိပ်ခေါင်း တန်ဘိုးမှာ အာမခံထားငွေ ကျပ် ၅၀၀,၀၀၀ လျှင် ၅၀ ကျပ်ဖြစ်၍ အာမခံထားငွေ ကျပ် ၅၀၀,၀၀၀ အထက်လျှင် ၁၀၀ ကျပ် ဖြစ်ပါသည်။

ရုံးချုပ်တည်ရာမှာ အမှတ်-၆၂၇/၆၃၅၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ မြန်မာနိုင်ငံဖြစ်ပြီး တစ်နိုင်ငံလုံးတွင် တိုင်း၊ ခရိုင်၊ မြို့နယ် ၃၉-ခု၌ ရုံးခွဲများ ဖွင့်လှစ်ထားရှိပါသည်။

Credit – https://www.mminsurance.gov.mm/