တည်ဆောက်မှုအလုံးစုံအန္တရာယ်အာမခံ – မြန်မာ့အာမခံ

အဆောက်အအုံတည်ဆောက်ရန် ပစ္စည်းများတည်ဆောက်မည့်နေရာသို့ ရောက်ရှိချိန်မှ စက် တည်ဆောက်ဆဲကာလ၊ စက်တပ်ဆင်ပြီး စမ်းသပ်လည်ပတ်သည့်ကာလအထိ အကာ အကွယ်ပေးသော အာမခံအမျိုးအစားဖြစ်သည်။ ဒီဇိုင်းမှားမှုကြောင့် ပျက်စီးမှုကို လျော်ကြေး မပေးပါ။ စမ်းသပ်ကာလကို (၂) ပတ်ထိ အကာအကွယ်ပေးပါသည်။ အဆိုပါ အာမခံတွင် ကန်ထရိုက်တာ၏ တည်ဆောက်ရေး ပစ္စည်းများဆုံးရှုံးမှု (Section I) နှင့် သူတစ်ပါး ထိခိုက်နစ်နာမှုအတွက် ပေးလျော်ရန်တာဝန်ရှိမှု (Section II) ဟူ၍ ထားရှိနိုင်ပါသည်။ Section II အား Section I ၏ ၅၀%, ၇၅%, ၁၀၀% (သို့မဟုတ်) ၁၂၅% ဟူ၍ စိတ်ကြိုက်ရွေးချယ် ထားရှိနိုင်ပါသည်။ အာမခံထားငွေအားလုပ်ငန်း အပ်နှံမှုစာချုပ်ပါတန်ဘိုး အတိုင်း လက်ခံဆောင်ရွက်ပါသည်။ ကန်ထရိုက်တာ၏ လုပ်ငန်းခွင်သုံး စက်ပစ္စည်းများ၏ တန်ဖိုးအား အာမခံထားငွေတွင် ထပ်ပေါင်း၍ထားရှိနိုင်ပါသည်။ အာမခံသက်တမ်းအား အနည်းဆုံး(၃)လမှ အများဆုံး (၅)နှစ် အထိထားရှိနိုင်၍ ပြုပြင်ထိန်းသိမ်းရေးကာလအား (၃)လ၊ (၆) လ (သို့မဟုတ်) (၁) နှစ် ရွေးချယ်ထားရှိနိုင်ပါသည်။ အာမခံပရီမီယံနှုန်းထားများ မှာ အနည်းဆုံး ၀.၁၅%မှ အများဆုံး ၀.၅၁၈% အတွင်းဖြစ်ပါသည်။

ရုံးချုပ်တည်ရာမှာ အမှတ်-၆၂၇/၆၃၅၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ မြန်မာနိုင်ငံဖြစ်ပြီး တစ်နိုင်ငံလုံးတွင် တိုင်း၊ ခရိုင်၊ မြို့နယ် ၃၉-ခု၌ ရုံးခွဲများ ဖွင့်လှစ်ထားရှိပါသည်။

Credit – https://www.mminsurance.gov.mm/