ခရီးသွားအာမခံ – မြန်မာ့အာမခံ

  • ပြည်တွင်းပြည်ပခရီးစဉ်များအတွင်းခရီးသည်များမတော်တဆထိခိုက်မှုကြောင့် ဒဏ်ရာရရှိခြင်းနှင့် သေဆုံးခြင်းအတွက် ထားရှိနိုင်သောအာမခံအကာအကွယ်
  • ခရီးသွားအာမခံ အမျိုးအစားများမှာ
    • (၁) အဝေပြေးယာဉ်လိုင်းစီးခရီးသည်များအတွက် ခရီးသွားအာမခံ
    • (၂) လေယာဉ်စီးခရီးသည်များအတွက် ခရီးသွားအာမခံ
    • (၃) ခရီးသွားဝန်ဆောင်မှုကုမ္ပဏီများ အစီအစဉ်ဖြင့်သွားသော ခရီးသည်များအတွက် ခရီးသွားအာမခံ
    • (၄) ဘုရားဖူးယာဉ်စီးခရီးများအတွက် ခရီးသွားအာမခံ
    • (၅) ကမ္ဘာလှည့်ခရီးသည်များအတွက် ခရီးသွားအာမခံ
  • ခရီးသွားအာမခံထားရှိမည်ဆိုပါက လိုအပ်သောအချက်အလက်များ
    • (၁)  အာမခံထားသူအမည်
    •  (၂)  ဖခင်အမည်
    •  (၃)  မှတ်ပုံတင်အမှတ်
    •   (၄)  အမြဲတမ်းနေထိုင်သည့်လိပ်စာ
    •   (၅)  သွားရောက်မည့်ခရီးစဉ်
    •   (၆)  ခရီးစတင်ထွက်ခွာမည့်နေ့၊ ပြန်ရောက်မည့်နေ့
    •   (၇)  အာမခံထားငွေ
    •   (၈)  အကျိုးခံစားခွင့်လွှဲပြောင်းမည့်သူစာရင်း
    •  (၉)  တော်စပ်ပုံ
    • (၁၀) ဖခင်အမည်
    • (၁၁) မှတ်ပုံတင်အမှတ်
    •  (၁၂) အမြဲတမ်းနေထိုင်သည့်လိပ်စာ

ပရီမီယံနှုန်းများနှင့်အကျိုးခံစားခွင့်များ

ပရီမီယံနှုန်းအကျိုးခံစားခွင့်
အဝေးပြေးယာဉ်လိုင်းစီးခရီးသည်များအတွက်အနည်းဆုံး ပရီမီယံ ကျပ် ၁၀/- မှ အများဆုံး ကျပ် ၃၀၀/-အနည်းဆုံး ကျပ် ၁၀ သိန်း မှ အများဆုံး ကျပ် သိန်း ၃၀
လေယာဉ်စီးခရီးသည်များအတွက် လေဆိပ်တစ်ခုမှတစ်ခုသို့ ခရီးစဉ်တစ်ခေါက် ၅၀၀ ကျပ်ကျပ် သိန်း ၅၀
ခရီးသွားဝန်​ဆောင်မှုကုမ္ပဏီအစီအစဉ်ဖြင့် သွားသော ခရီးသည်များ နှင့် ဘုရားဖူး ယာဉ်စီးခရီးသည်များ အတွက်မြန်မာနိုင်ငံသား (ပြည်တွင်းလှည့်လည်စဉ်)၁ ရက်ခရီးကျပ် ၁၀၀/-   (၁ယူနစ်နှုန်း)၃ ရက်ခရီးကျပ် ၁၅၀/-  (၁ယူနစ်နှုန်း)၇ ရက်ခရီးကျပ် ၂၀၀/-  (၁ယူနစ်နှုန်း)၂ ပတ်ခရီးကျပ် ၂၅၀/-  (၁ယူနစ်နှုန်း)၁ လ ခရီးကျပ် ၃၀၀/-  (၁ယူနစ်နှုန်း)၁ လ နှင့် ၁၅ ရက်ခရီးကျပ် ၃၅၀/-  (၁ယူနစ်နှုန်း)၃ လ ခရီး ကျပ် ၅၀၀/-  (၁ယူနစ်နှုန်း)(၁)ယူနစ်မှ (၂၀)ယူနစ် အထိ ဝယ်ယူနိုင်။အနည်းဆုံး (၁)ယူနစ် ကျပ် (၅) သိန်း မှ အများဆုံး (၂၀) ယူနစ် ကျပ် သိန်း (၁၀၀) အထိ
ခရီးသွားဝန်​ဆောင်မှုကုမ္ပဏီအစီအစဉ်ဖြင့် သွားသော ခရီးသည်များ နှင့် ဘုရားဖူး ယာဉ်စီးခရီးသည်များ အတွက်မြန်မာနိုင်ငံသား (ပြည်ပလှည့်လည်စဉ်)၁ ပတ်ခရီးကျပ် ၂၀၀/-  (၁ယူနစ်နှုန်း)၂ ပတ်ခရီးကျပ် ၂၅၀/-  (၁ယူနစ်နှုန်း)၄ ပတ် ခရီးကျပ် ၃၀၀/-  (၁ယူနစ်နှုန်း)၁ လ နှင့် ၁၅ ရက်ခရီးကျပ် ၃၅၀/-  (၁ယူနစ်နှုန်း)၂ လ ခရီး ကျပ် ၄၀၀/-  (၁ယူနစ်နှုန်း)၂ လ နှင့် ၁၅ ရက်ခရီး ကျပ် ၄၅၀/-  (၁ယူနစ်နှုန်း)၃ လ ခရီး ကျပ် ၅၀၀/-  (၁ယူနစ်နှုန်း)(၁)ယူနစ်မှ (၂၀) ယူနစ် အထိ ဝယ်ယူနိုင်။အနည်းဆုံး (၁)ယူနစ် ကျပ် (၅) သိန်း မှ အများဆုံး (၂၀) ယူနစ် ကျပ် သိန်း (၁၀၀) အထိ
နိုင်ငံခြားသား (ကမ္ဘာလှည့်ခရီးသွားအာမခံ)၁ ပတ်ခရီးကျပ် ၅၀၀/-  (၁ယူနစ်နှုန်း)၂ ပတ်ခရီးကျပ် ၁၀၀၀/-  (၁ယူနစ်နှုန်း)၄ ပတ် ခရီးကျပ် ၂၀၀၀/-  (၁ယူနစ်နှုန်း)၂ လ ခရီး ကျပ် ၄၀၀၀/-  (၁ယူနစ်နှုန်း)၃ လ ခရီး ကျပ် ၆၀၀၀/-  (၁ယူနစ်နှုန်း)(၁)ယူနစ်မှ (၂၀)ယူနစ် အထိ ဝယ်ယူနိုင်။အနည်းဆုံး (၁)ယူနစ် ကျပ် (၅) သိန်း မှ အများဆုံး (၂၀) ယူနစ် ကျပ် သိန်း (၁၀၀) အထိ

(ဒေါ်လာဖြင့်

အခြေခံပရီမီယံတစ်ယူနစ်အတွက်အကျိုးခံစားခွင့်
၁ ပတ်အမေရိကန်ဒေါ်လာ ၂.၀၀အနည်းဆုံး (၁)ယူနစ်လျှင် အမေရိကန်ဒေါ်လာ ၂,၅၀၀ မှ အများဆုံး (၂၀)ယူနစ်လျှင် အမေရိကန်ဒေါ်လာ ၅၀,၀၀၀ အထိ
၂ ပတ်အမေရိကန်ဒေါ်လာ ၂.၅၀
၁ လအမေရိကန်ဒေါ်လာ ၃.၀၀
၂ လအမေရိကန်ဒေါ်လာ ၄.၀၀
၃ လအမေရိကန်ဒေါ်လာ ၅.၀၀
ထပ်ဆောင်းပရီမီယံ – တစ်ဦးလျှင်အမေရိကန်ဒေါ်လာ ၂.၀၀

လျော်ကြေးအကျုံးမဝင်သည့်အချက်များ

(က)ရှိရင်းစွဲကိုယ်အင်္ဂါချို့တဲ့မှုနှင့် ရှိရင်းစွဲရောဂါဘယများကြောင့် ဖြစ်ပွားခြင်း၊
(ခ)မိမိကိုယ်မိမိသေကြောင်းကြံစည်ခြင်း၊
(ဂ)တမင်ရည်ရွယ်ချက်ဖြင့် မိမိကိုယ်ကိုထိခိုက်ဒဏ်ရာရရှိစေခြင်း၊
(ဃ)ယာဉ်ထိခိုက်မှုနှင့် ဆက်စပ်မှုမရှိသောမီးဖွားခြင်း၊ ကိုယ်ဝန်ပျက်ခြင်း၊
(င )ရာဇဝတ်မှုကျူးလွန်ရန် ရည်ရွယ်ချက်ဖြင့် ဥပဒေချိုးဖောက်ခြင်း၊
(စ)မူးယစ်ဆေးဝါးသုံးစွဲခြင်း၊
(ဆ)စစ်၊သပိတ်မှောက်ခြင်း၊အဓိကရုဏ်းဖြစ်ခြင်း၊ အကြမ်းဖက်ဖျက်ဆီးခြင်း နှင့် ပြည်တွင်းမငြိမ်မသက်ဖြစ်ခြင်း

အကျိုးခံစားခွင့်ပေးချေခြင်း

  • သေဆုံးခြင်းအတွက် အာမခံထားငွေအပြည့်ပေးလျော်မည်ဖြစ်
  • ထိခိုက်ဒဏ်ရာရရှိမှုအတွက် ဒဏ်ရာအခြေအနေပေါ်မူတည်၍ ဆရာဝန်ထောက်ခံချက် အရ ဒဏ်ရာအတွက် သတ်မှတ်သည့် လျော်ကြေးနှုန်းများအတိုင်း ပေးလျော်မည်ဖြစ်
  • သေဆုံးလျှင် ဖြစ်ပွားသည့်နေ့မှ ၁ နှစ်အတွင်း တောင်းခံနိုင်
  • ဒဏ်ရာရလျှင် ဖြစ်ပွားသည့်နေ့မှ ၂ နှစ် အတွင်း တောင်းခံနိုင်

လျော်ကြေးတောင်းခံရာတွင်လိုအပ်သောအထောက်အထားများ

  • အကျိုးခံစားခွင့်တောင်းခံလွှာ (ခရီးသွားအာမခံလျော်ကြေးပုံစံ-၁)
  • ဒဏ်ရာရလျှင်-
    • (က) သက်ဆိုင်ရာဆေးရုံ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်ထောက်ခံချက်  (ခရီးသွားအာမခံလျော်ကြေးပုံစံ-၂)
    • (ခ)     ဖြစ်ပွားရာဒေသမှ ရဲတပ်ဖွဲ့ထောက်ခံချက် (ခရီးသွားအာမခံလျော်ကြေးပုံစံ-၃)
    • (ဂ)     တောင်းခံသူ၏ မှတ်ပုံတင်မိတ္တူမှန်
    • (ဃ)    ခရီးသွားအာမခံထားရှိကြောင်း အထောက်အထားများ
  • သေဆုံးခဲ့လျှင်-
    • (က)    သေစာရင်းမိတ္တူမှန်
    • (ခ)     သေဆုံးသူနှင့်တောင်းခံသူတို့ပါဝင်သည့် အိမ်ထောင်စုစာရင်း မိတ္တူမှန်
    • (ဂ)     တောင်းခံသူသည် သေဆုံးသူ၏အကျိုးခံစားခွင့်ရှိသူမှန်ကန်ကြောင်း နေထိုင်ရာ အရပ်ဒေသမှ အာဏာပိုင်အဖွဲ့အစည်းထောက်ခံချက်

ရုံးချုပ်တည်ရာမှာ အမှတ်-၆၂၇/၆၃၅၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ မြန်မာနိုင်ငံဖြစ်ပြီး တစ်နိုင်ငံလုံးတွင် တိုင်း၊ ခရိုင်၊ မြို့နယ် ၃၉-ခု၌ ရုံးခွဲများ ဖွင့်လှစ်ထားရှိပါသည်။

Credit – https://www.mminsurance.gov.mm/