ရေကြောင်းကုန်ပစ္စည်းအာမခံ – မြန်မာ့အာမခံ

ရယူနိုင်သောအာမခံအကာအကွယ် (၂)မျိုး

(က) လုံးဝဆုံးရှုံးမှုအကာအကွယ်

(ခ) အလုံးစုံအန္တရာယ်အကာအကွယ်

(ကလုံးဝဆုံးရှုံးမှုအကာအကွယ် (Institute Cargo Clause (CL-254))

  • သဘာဝဘေးအန္တရာယ် (သို့) မမြင်နိုင်သည့်အရာဝတ္ထုတစ်ခုနှင့် မတော်တဆထိခိုက်မှု (သို့) မီးလောင်၍သော်လည်းကောင်း၊ ရေယာဉ်နစ်မြုပ်၍ ကုန်ပစ္စည်းများလုံးဝ ပျက်စီး ဆုံးရှုံးမှုများအတွက်သာအကျုံးဝင်သည်။
  • တစ်စိတ်တစ်ဒေသပျက်စီးမှုအကျုံးမဝင်ပါ။
ပရီမီယံနှုန်းများ
မြစ်တွင်းသွားရေယာဉ် (သို့) ကုန်တင်ကားဖြင့်သယ်လျှင်၀.၁၄%
ကမ်းရိုးတန်းသွားရေယာဉ်ဖြင့်သယ် (အောက်တိုဘာ ၁၆ မှ ဧပြီ ၃၀ အထိ) ၀.၂၈%
ကမ်းရိုးတန်းသွားရေယာဉ်ဖြင့်သယ် (မေလ ၁ မှ အောက်တိုဘာ ၁၅ အထိ)၀.၅၆%
ကားဖြင့်လောင်စာဆီသယ်၀.၂၈%
ကားဖြင့်ကွဲရှလွယ်ပစ္စည်းသယ်၀.၈၀%
လျော်ကြေးပေးချေရာတွင် လိုအပ်သည့်အထောက်အထားများ

(က) ပေါ်လစီစာချုပ် (သို့မဟုတ်) အာမခံလက်မှတ်မူရင်း

(ခ) ပြင်ဆင်ချက်

(ဂ) ရေယာဉ်လိုင်စင်၊ တွဲလိုင်စင်

(ဃ) ရေယာဉ်အုပ် (သို့မဟုတ်) ဆလင်၏ကျမ်းကျိန်ဆိုချက်

(င) မျှောစာ (သို့မဟုတ်) ကုန်ပို့လွှာ

(စ) လျော်ကြေးတောင်းခံလွှာ

(ဆ) စစ်ဆေးမှုအစီရင်ခံစာ သို့မဟုတ် ဖွင့်ဖောက်စစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာ

(ဇ) သက်ဆိုင်ရာဒေသဆိုင်ရာ အာဏာပိုင်ထောက်ခံချက်

(စျ) သက်ဆိုင်ရာမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့၏ ထောက်ခံချက်

(ည) ဌာနဆိုင်ရာစစ်ဆေးမှု အစီရင်ခံစာ

(ဋ) ပစ္စည်းအပျက်အစီးမှ ပြန်လည်ရောင်းချရငွေ

(ဌ) ဘဏ်မှာတမ်း (သို့မဟုတ်) ငွေရပြေစာ

(ဍ) အဆိုလွှာ

(ဎ) ​ရေယာဉ်အုပ်လိုင်စင်၊ စက်ခန်းအုပ်လိုင်စင်

(ဏ) ရေယာဉ်နစ်မြုပ်မှုမှတ်တမ်းဓါတ်ပုံ

(တ) စက်ခန်းအုပ်အပါအဝင် ရေယာဉ်လုပ်သားများ၏ ထွက်ဆိုချက်များ

(ထ) သယ်ယူကုန်ကျစရိတ်တောင်းခံလွှာ

(ဒ) ရေယာဉ်ထွက်ခွာခွင့်ပြုလက်မှတ်

 (အလုံးစုံအန္တရာယ်အကာအကွယ် (Institute Cargo Clause (CL-382/383/384) 01/01/2009

  • အာမခံအကာအကွယ်များအနက် အကျယ်ပြန့်ဆုံးဖြစ်ပြီး တစ်စိတ်တစ်ပိုင်း ဆုံးရှုံးမှု ကိုပါ အကာအကွယ်ပေးပါသည်။
ပရီမံယံနှုန်းများ
အထွေထွေကုန်ပစ္စည်း ၀.၅၆%
ကွဲရှလွယ်ပစ္စည်း၊ ဓာတ်မြေသြဇာ၀.၈၀%
 
ထပ်တိုးပရီမီယံ
ရေယာဉ်လွှဲပြောင်းတင်ဆောင်ခြင်၀.၂၈%
ဒေသတစ်ခုတွင်ခေတ္တရပ်နားခြင်း ၀.၁၄%
စူးအက်ဖြတ်ခြင်း ၀.၀၃၇၅%
စစ်ကြေးနှင့်အပိုအန္တရာယ် ၀.၀၅%

လျော်ကြေးပေးချေရာတွင် လိုအပ်သောအထောက်အထားများ

(က) အာမခံစာချုပ်မူရင်း

(ခ) ပြင်ဆင်ချက်

(ဂ) ကုန်ပစ္စည်းစျေးနှုန်းစာရင်း

(ဃ) သင်္ဘောတင်စာရွက်စာတမ်းများ

 (င) စစ်ဆေးမှုအစီရင်ခံစာ

(စ) လျော်ကြေးတောင်းခံလွှာ

(ဆ) သင်္ဘောပိုင်ရှင်မှ ပေးလျော်သည့်/ငြင်းပယ်သည့်စာရွက်စာတမ်းများ

(ဇ) ပစ္စည်းအပျက်အစီးမှ ပြန်လည်ရောင်းချရငွေ

အာမခံထားရှိရမည့် ကုန်ပစ္စည်းနှင့်ပတ်သက်သည့်အချက်အလက်များ

(က) ကုန်ပစ္စည်းတန်ဘိုး (သို့မဟုတ်) အာမခံတန်ဘိုး

(ခ ) သယ်ဆောင်မည့်ရေယာဉ်အမည် (သို့မဟုတ်) ယာဉ်အမျိုးအစား/အမှတ်

(ဂ ) အာမခံထားရှိမည့် ကုန်ပစ္စည်းအမျိုးအမည်၊ အရေအတွက်၊ အလေးချိန်

(ဃ) ယာဉ်ထွက်ခွာမည့်ရက်

(င ) ရေယာဉ်ထွက်ခွာမည့်ဒေသမှ ရေယာဉ်ရောက်ရှိမည့်ဒေသ

(စ ) ကုန်ပစ္စည်းထုတ်ပိုးပုံ

(ဆ) ကုန်ပစ္စည်းသယ်ဆောင်ပုံ၊ တစ်ခေါက်တည်း (သို့မဟုတ်) အလီလီတင်ခြင်း

(ဇ ) ရေယာဉ်လွှဲပြောင်းတင်ဆောင်ခြင်း၊ လမ်းတွင်ရပ်နားခြင်း ရှိ-မရှိ

(စျ) ယူလိုသည့်အကာအကွယ်

(ည) အခြားဖော်ပြလိုသည့်အကြောင်းအရာ

(ဋ ) အာမခံထားသူ၏ အမည်နှင့်နေရပ်လိပ်စာ

အဆိုပြုလွှာနှင့်အတူ ရေယာဉ်လိုင်စင်မိတ္တူနှင့်ကုန်စည်ပို့ဆောင်ခွင့်လိုင်စင်မိတ္တူ (၂) မျိုးလုံး တင်ပြရန်။

တံဆိပ်ခေါင်းတန်ဖိုး

တံဆိပ်ခေါင်းဘိုးသည် အာမခံတန်ဘိုး ကျပ် ၁ သိန်းလျှင် တစ်ဆယ် ကျပ် နှုန်းဖြင့် ကောက်ခံရန်

ရုံးချုပ်တည်ရာမှာ အမှတ်-၆၂၇/၆၃၅၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ မြန်မာနိုင်ငံဖြစ်ပြီး တစ်နိုင်ငံလုံးတွင် တိုင်း၊ ခရိုင်၊ မြို့နယ် ၃၉-ခု၌ ရုံးခွဲများ ဖွင့်လှစ်ထားရှိပါသည်။

Credit – https://www.mminsurance.gov.mm/