ရေယာဉ်ကိုယ်ထည်အာမခံ

ရယူနိုင်သောအာမခံအကာအကွယ် (၂)မျိုး

(က) လုံးဝဆုံးရှုံးမှုအကာအကွယ်

(ခ) အလုံးစုံအန္တရာယ်အကာအကွယ်

(ကလုံးဝဆုံးရှုံးမှုအကာအကွယ်

  • ပရီမီယံနှုန်း ၁% မှ ၂%  ထိရှိ
  • ရေကြောင်းသဘာဝဘေးအန္တရာယ်ကြောင့် (သို့) မတော်တဆထိခိုက်မှုကြောင့် လုံးဝ ပျက်စီးဆုံးရှုံးပါကပေးလျော်သောအကာအကွယ်
  • အာမခံထားသောရေယာဉ်များပျက်စီးသောအခါ ပြန်လည်ပြင်ဆင်ရာတွင် ကုန်ကျသော     တန်ဘိုးသည် အာမခံထားရှိသော တန်ဘိုးထက်ပိုနေပါက လုံးဝဆုံးရှုံးမှုဟုမှတ်ယူ၍ အာမခံထားရှိသောတန်ဘိုး အပြည့်အဝကို ပေးလျော်ပြီး ရေယာဉ်ကိုသိမ်းယူရန်

(အလုံးစုံအန္တရာယ်အကာအကွယ်

  • ပရီမီယံ နှုန်း၂% မှ၃% ထိရှိ

လိုအပ်သောအထောက်အထားများ-

(က) လျော်ကြေးတောင်းခံလွှာ

(ခ) ပျက်စီးမှုအစီရင်ခံစာ

(ဂ) ရေယာဉ်မှူး၏အစီရင်ခံစာ

(ဃ) စစ်ဆေးချက်အစီရင်ခံစာ

(င) သင်္ဘောနေ့စဉ်မှတ်တမ်း

(စ) ပြင်ဆင်စရိတ်စာရင်းများ

(ဆ) စစ်ဆေးခအတွက်တောင်းခံလွှာ

လက်ခံဆောင်ရွက်ခြင်း

  • အဆိုလွှာ
  • ရေယာဉ်လိုင်စင်မိတ္တူ
  • ရေယာဉ်၏ရှေ့/နောက်/ဝဲ/ယာ ဓါတ်ပုံ (၄)ပုံနှင့် စက်ခန်းဓါတ်ပုံ(၁)ပုံ
  • ရေယာဉ်မှူး၏အောင်လက်မှတ်မိတ္တူ
  • ရေယာဉ်မှူး၏ကိုယ်ရေးရာဇဝင်အကျဉ်းချုပ်
  • စစ်ဆေးချက်အစီရင်ခံစာ (အခါအားလျော်စွာ)
  • ရေယာဉ်တန်ဘိုးအထောက်အထား

ပရီမီယံနှုန်းများ

သံကိုယ်ထည် / (ပင်လယ်ရပ်ခြား၊ ပြည်တွင်း) Institute Time Clauses-Hulls 1.10.83,CL-280,   Institute Voyage Clauses-Hulls 1.10.83,CL-285 and special conditions mentioned in policy

အပိုအကာအကွယ် ပရီမီယံနှုန်း
စစ်မက်၊ သပိတ်၊ အန္တရာယ်ရှိသည့်အပြုအမူ နှင့် နျူကလီးယား၀.၁%
သာမာန်ပရီမီယံနှုန်း
 ရေယာဉ်သက်တမ်း (နှစ်)ကိုယ်ထည်နှင့် စက်ပစ္စည်း တိုးမြှင့်တန်ဘိုး
၁-၅ ၂.၀၀%၀.၃၀%
၆-၁၀ ၂.၂၅%
၁၁-၁၅၂.၅၀%
၁၆-၂၀၂.၇၅%၀.၆၅%
၂၀ နှင့်အထက်၂၀ နှင့်အထက်

နှုတ်ဖြတ်ငွေ – ကျပ် ၅၀၀,၀၀၀/- (သို့မဟုတ်) တူညီသောငွေ

သစ်သားကိုယ်ထည် Institute Time Clauses-Hulls 1.10.83,CL-284,Institute Voyage Clauses-Hulls 1.10.83,CL-286

မြစ်တွင်းကုန်တင်ယာဉ် ၁.၄%
ကမ်းရိုးတန်းကုန်တင် ၁.၈%
ကမ်းရိုးတန်းငါးဖမ်း ၂.၀%
  • တံဆိပ်ခေါင်းဘိုးသည် အာမခံတန်ဘိုး ကျပ် ၁ သိန်းလျှင် တစ်ဆယ် ကျပ် နှုန်းဖြင့် ကောက်ခံရန်

ရုံးချုပ်တည်ရာမှာ အမှတ်-၆၂၇/၆၃၅၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ မြန်မာနိုင်ငံဖြစ်ပြီး တစ်နိုင်ငံလုံးတွင် တိုင်း၊ ခရိုင်၊ မြို့နယ် ၃၉-ခု၌ ရုံးခွဲများ ဖွင့်လှစ်ထားရှိပါသည်။

Credit – https://www.mminsurance.gov.mm/