Yoma Bank ခေါ်ယူအပ်ငွေစာရင်း Service

အတိုးနှုန်းပါရှိသော ခေါ်ယူအပ်ငွေစာရင်းဖြင့် လူကြီးမင်း အပ်နှံထားသောငွေကို တိုးပွားစေလိုက်ပါ။ တစ်ဦးတည်းဖြစ်စေ၊ ပူးတွဲငွေစာရင်းဖွင့်ထားသူဖြစ်စေ စာရင်းရှင်စာရင်းမှ ရရှိသည့် အကျိုးခံစားမှုအတိုင်းရရှိနိုင်ပြီး အတိုးနှုန်းလည်း ရရှိခံစားနိုင်မည်ဖြစ်သည်။

အကျိုးခံစားခွင့်များ

အတိုးနှုန်းခံစားခွင့်

မြန်မာကျပ်ငွေ တစ်သိန်းမှ စတင်ပြီး နေ့စဉ်အတိုးနှုန်းတွက်ချက်ပေးမည်ဖြစ်ပါသည်။ 

အကန့်အသတ်မရှိ ငွေသွင်းငွေထုတ်နိုင်ခြင်း

ရိုးမဘဏ်ဖွင့်ချိန်အတွင်း ငွေသွင်း၊ငွေထုတ်ခြင်းများကို အကြိမ်အရေအတွက် အကန့်အသတ်မရှိ  ဆောင်ရွက်နိုင်ပါသည်။ 

စာရင်းရှင်စာရင်းနှင့် ချိတ်ဆက်နိုင်ခြင်း

စာရင်းပိုထုတ်ချေးငွေယူထားပါက ခေါ်ယူအပ်ငွေစာရင်းမှ စာရင်းရှင်စာရင်းသို့ အလိုအလျောက် ငွေလွှဲနိုင်ပါသည်။ 

လစဉ် ဘဏ်စာရင်းရှင်းတမ်း

နေ့စဉ် ငွေစာရင်းအသုံးပြုမှုနှင့် ငွေစာရင်းအဝင်အထွက်များ၏ အသေးစိတ်ဘဏ်စာရင်းရှင်းတမ်းကို ရယူနိုင်ပါသည်။

ငွေစုစာအုပ်
ဘဏ်တွင် ငွေစာရင်း ဖွင့်လှစ်ပြီးပါက ငွေစုစာအုပ်ကိုပါ ပေးအပ်မည် ဖြစ်ပါသည်။

*အတိုးနှုန်းကို နေ့စဉ်တွက်ချက်ပြီး လစဉ်ပေးအပ်သွားမည်ဖြစ်သည်။

ခေါ်ယူအပ်ငွေစာရင်းဖွင့်ရန် လိုအပ်ချက်များ

  • ကနဦးအပ်နှံငွေကို  မြန်မာကျပ် ၅၀,၀၀၀ သတ်မှတ်ထားပါသည်။ 
  • အနည်းဆုံး လက်ကျန်ငွေ မြန်မာကျပ် ၁၀,၀၀၀ ထားရှိရပါမည်။
  • အနည်းဆုံးအသက် ၁၈နှစ်ပြည့်ပြီးသူဖြစ်ရပါမည်။
  • အထောက်အထားအဖြစ် မှတ်ပုံတင်မူရင်း (သို့) နိုင်ငံကူးလက်မှတ်မူရင်း တင်ပြရပါမည်။

Credit : Yoma Bank