Yoma Bank Flexi ငွေစုဘဏ်အပ်ငွေစာရင်း Service

အတိုးနှုန်းများပြီး လစဉ် အတိုးနှုန်းရရှိသော ရိုးမဘဏ်၏ Flexi ငွေစုဘဏ်အပ်ငွေစာရင်းဖြင့် လူကြီးမင်း၏ စုငွေကို လစဉ် တိုးပွားစေလိုက်ပါ။ တစ်ဦးတည်းဖြစ်စေ၊ ပူးတွဲအပ်ငွေစာရင်းဖြစ်စေ စာရင်းရှင် စာရင်း၏ အကျိုးခံစားခွင့်အတိုင်း ရရှိနိုင်မည့် အပြင် တစ်နှစ်အတိုးနှုန်း ၇% (p.a.) ကိုပါ ရရှိနိုင်မည်ဖြစ်ပါသည်။ 

အကျိုးခံစားခွင့်များ

အတိုးနှုန်းမြင့်မားမှု

ငွေစုဘဏ်အပ်ငွေစာရင်း လက်ကျန်ငွေအပေါ်တွင် နှစ်စဉ်အတိုးနှုန်း ၇%  ရရှိနိုင်မည်ဖြစ်ပါသည်။* 

အကန့်အသတ်မရှိ ငွေသွင်းငွေထုတ်နိုင်ခြင်း

ရိုးမဘဏ် ဖွင့်ချိန်အတွင်း ငွေသွင်း၊ ငွေထုတ်ခြင်းများကို အကြိမ်အရေအတွက် အကန့်အသတ်မရှိ  ဆောင်ရွက်နိုင်ပါသည်။

အွန်လိုင်းမှတစ်ဆင့် စောင့်ကြည့်ထိန်းချုပ်ခြင်း

Flexi ငွေစုဘဏ်အပ်ငွေစာရင်း အားအသုံးပြု၍ ရိုးမဘဏ်နှင့် အခြားပြည်တွင်း ဘဏ်အကောင့်များသို့ ငွေလွှဲနိုင်ပါသည်။ Flexi ငွေစုဘဏ်အပ်ငွေစာရင်း မှ Flexi ခေါ်ယူအပ်ငွေစာရင်း နှင့် Flexi Everyday စာရင်းရှင်စာရင်း အချင်းချင်းသို့ ဘဏ်ခွဲ မှဖြစ်စေ၊ Online Banking မှဖြစ်စေ၊ Yoma Bank Mobile Banking Application မှဖြစ်စေ ငွေလွှဲခြင်း ပြုလုပ်နိုင်ပါသည်။

ငွေစုစာအုပ်

ဘဏ်တွင် ငွေစာရင်း ဖွင့်လှစ်ပြီးပါက ငွေစုစာအုပ်ကိုပါ ပေးအပ်မည် ဖြစ်ပါသည်။

လစဉ်အတိုးတွက်ချက်နည်း

Flexi ငွေစုဘဏ်အပ်ငွေစာရင်းထဲသို့ လတစ်လ၏ (၁) ရက်နေ့မှ (၅) ရက်နေ့အတွင်း ငွေထည့်သွင်းနိုင်ပါသည်။ နှစ်စဉ်အတိုးနှုန်း (၇%) ဖြင့် လစဉ် (၅) ရက်နေ့မှ လကုန်ရက်အထိ Account ထဲတွင် ရှိသော အနည်းဆုံး စာရင်းလက်ကျန်ငွေ ပမာဏအပေါ် မူတည်၍ လစဉ်တွက်ချက်ပြီး လကုန်ရက်တိုင်းတွင် ဘဏ်တိုးအား ပေးအပ်သွားမည် ဖြစ်သည်။  

ငွေစုဘဏ်အပ်ငွေစာရင်းဖွင့်ရန် လိုအပ်ချက်များ

  • ကနဦးအပ်နှံငွေကို မြန်မာကျပ် ၁၀,၀၀၀ သတ်မှတ်ထားပါသည်။ 
  • အနည်းဆုံး လက်ကျန်ငွေ မြန်မာကျပ် ၁,၀၀၀ ရှိရပါမည်။ 
  • အနည်းဆုံးအသက် ၁၈နှစ် ပြည့်ပြီးသူ ဖြစ်ရပါမည်။ 
  • မှတ်ပုံတင်မူရင်း (သို့) နိုင်ငံကူးလက်မှတ်မူရင်း တင်ပြရမည်။

Credit : Yoma Bank