ရိုးမ Bank Hire Purchase Service

ရိုးမဘဏ်၏ Hire Purchase ဖြင့် မော်တော်ယာဉ်များနှင့် စက်ယန္တရားများ အသစ်ဝယ်ယူရာတွင် ငွေကြေးအထောက်အပံ့ ရယူနိုင်ပါပြီ။ အဆင်ပြေသော ချေးငွေကာလပါရှိသည့် ရိုးမဘဏ်၏ Hire Purchase ဖြင့်  ဝယ်သူနှင့် ရောင်းသူ နှစ်ဦးလုံးအတွက် လွယ်ကူလုံခြုံသော ဝယ်ယူမှုများကို ဆောင်ရွက်နိုင်မှာ ဖြစ်သည်။

Hire Purchase စနစ်သည် *

  • မော်တော်ယာဉ်များနှင့် လုပ်ငန်းသုံး စက်တပ်ယာဉ်များ
  • စိုက်ပျိုးရေးနှင့် ဆောက်လုပ်ရေးသုံး စက်ယန္တရားများ
  • ဆေးဝါးနှင့် ဆေးရုံသုံး ကိရိယာများ
  • စက်ရုံ စက်ယန္တရားများ အတွက် သင့်လျော်ပါသည်။

*ရိုးမဘဏ်နှင့် ချိတ်ဆက်ထားသော တရားဝင် ရောင်းချသူထံမှသာ ပစ္စည်းများ ဝယ်ယူရမည်။

ဝန်ဆောင်ခ

ကနဦးပေးသွင်းငွေ* ပစ္စည်းတန်ဖိုး၏ အနည်းဆုံး ၃၀% 
ဘဏ်ဝန်ဆောင်ခ* ချေးငွေပမာဏ၏ ၁% 
အာမခံကြေး* ပစ္စည်းတန်ဖိုး၏ ၁% ဝန်းကျင်  
ချေးငွေသက်တမ်း** ၁ နှစ်မှ ၅ နှစ်အထိ 
ချေးငွေ ကြိုတင်ပေးဆပ်မှု ဝန်ဆောင်ခ* ၃% 

** စက်ပစ္စည်းအမျိုးအစားပေါ်မူတည်၍ ခွင့်ပြုနိုင်သော ချေးငွေ သက်တမ်း သတ်မှတ်ထားပါသည်။   

* နှုန်းထားများမှာ ပြောင်းလဲမှု ရှိနိုင်ပါသည်။


အတိုးနှုန်းနှင့် ပြန်လည်ပေးဆပ်ရမည့်ပုံစံ 

(က) အတိုးကြိုပေးစနစ် (Upfront Method) 

အတိုးကြိုပေးစနစ်၏ အတိုးနှုန်းသည် ဝယ်ယူသည့်စက်ပစ္စည်းအမျိုးအစားပေါ်မူတည်၍ အောက်ပါအတိုင်း သတ်မှတ်ထားပါသည်။ 

လစဉ်ပေးဆပ်မှုပုံစံအတွက် ၃လတစ်ကြိမ် (သို့) ၆လတစ်ကြိမ် ပေးဆပ်မှုပုံစံအတွက်
၁ နှစ်လျှင် – ၆%*
၂ နှစ်လျှင် – ၁၂%* 
၃ နှစ်လျှင် – ၁၈%* 
၁ နှစ်လျှင် – ၇%* 
၂ နှစ်လျှင် – ၁၃%*
၃ နှစ်လျှင် – ၁၈%* 

* နှုန်းထားများမှာ ပြောင်းလဲမှု ရှိနိုင်ပါသည်။

(ခ) အတိုးအရင်းပေါင်း လစဉ်ပေးစနစ် (EMI) 

အတိုးအရင်းပေါင်း လစဉ်ပေးစနစ်၏ အတိုးနှုန်းမှာ ၁နှစ်လျှင် ၁၀%* သတ်မှတ်ထားပါသည်။ 

* နှုန်းထားများမှာ ပြောင်းလဲမှု ရှိနိုင်ပါသည်။

ဝယ်ယူသည့်ပစ္စည်းအများဆုံးချေးငွေသက်တမ်း
ကားအသစ်၅ နှစ်
ကားအဟောင်း၃ နှစ်
စက်ယန္တရားကြီးများ သို့မဟုတ် စိုက်ပျိုးရေး လုပ်ငန်းသုံး စက်ကိရိယာ အသစ်များ ၃ နှစ်
အသုံးပြုပြီးသော စက်ယန္တရားကြီးများ သို့မဟုတ် စိုက်ပျိုးရေး လုပ်ငန်းသုံး စက်ကိရိယာများ ၂ နှစ်

ဝယ်ယူသည့် စက်ပစ္စည်း အမျိုးအစားပေါ် မူတည်၍ ၁လ တစ်ကြိမ်၊ ၃လ တစ်ကြိမ်နှင့် ၆လ တစ်ကြိမ် ချေးငွေ ပြန်လည် ပေးဆပ်နိုင်ပါသည်။ 

လစဉ်ပေးဆပ်ရမည့် ပမာဏကို Yoma Bank Mobile Banking Application (သို့) နီးစပ်ရာ ရိုးမဘဏ်ခွဲ (သို့) Wave Money Agent မှပေးဆပ်နိုင်ပါသည်။

အာမခံ

ချေးငွေ ရယူထားသည့်  ပိုင်ဆိုင်မှုတိုင်းအတွက် Hire Purchase ချေးငွေကာလ တစ်လျှောက် အာမခံ ထားရှိရမည် ဖြစ်ပါသည်။

လျှောက်ထားရန် လိုအပ်ချက်များ

  • မှတ်ပုံတင် မူရင်းနှင့် မိတ္တူ
  • အိမ်ထောင်စုစာရင်း မူရင်း နှင့် မိတ္တူ
  • ရပ်ကွက်ထောက်ခံစာ မူရင်း
  • ဝင်ငွေရရှိသည့် အထောက်အထား 
  • အာမခံပေးမည့်သူ တစ်ဦးနှင့် အဆိုပါပုဂ္ဂိုလ်၏ အလားတူ အထောက်အထားများ

Credit : Yoma Bank