Yoma Bank ပူးတွဲအပ်ငွေစာရင်း Service

ရိုးမဘဏ် ပူးတွဲအပ်ငွေစာရင်းသည် လူပုဂ္ဂိုလ် နှစ်ဦး၊ သို့မဟုတ် နှစ်ဦးထက်ပိုပြီး အပ်ငွေစာရင်းကို စီမံခန့်ခွဲနိုင်မည့် ငွေစာရင်း ဖြစ်ပါသည်။ လူကြီးမင်း၏ စီးပွားရေး လက်တွဲဖော်များ၊ အဓိကဝန်ထမ်းများ နှင့်အတူ  ငွေကြေးဆိုင်ရာ လုပ်ပိုင်ခွင့်ကို မျှဝေ အသုံးပြုနိုင်မည် ဖြစ်ပါသည်။

အကျိုးခံစားခွင့်များ

အပ်ငွေစာရင်းမျှဝေသုံးစွဲခွင့်
ပူးတွဲအပ်ငွေစာရင်းတွင် ပါဝင်သူအားလုံးသည် အဆိုပါ အပ်ငွေစာရင်း၏ ဝန်ဆောင်မှုအားလုံးဖြစ်သည့်  ငွေထုတ်ယူခြင်း၊ ငွေလွှဲခြင်းနှင့် ပြီးခဲ့သည့် ငွေဝင်ငွေထွက်စာရင်းကို စစ်ဆေးခြင်းစသည်တို့ကို  ဆောင်ရွက်နိုင်ပါသည်။

ငွေအဝင်အထွက်တိုင်းကို စစ်ဆေးနိုင်ခြင်း
ပူးတွဲအပ်ငွေစာရင်းတွင် ပါဝင်သူအဖွဲ့ဝင်တိုင်းသည် အပ်ငွေစာရင်းထဲရှိ ငွေအဝင်အထွက်အားလုံးကို  စောင့်ကြည့်စစ်ဆေးနိုင်ပါသည်။

ပူးတွဲအပ်ငွေစာရင်းကို ငွေစုဘဏ်အပ်ငွေစာရင်းအဖြစ်လည်းကောင်း၊ ခေါ်ယူအပ်ငွေစာရင်းအဖြစ်လည်းကောင်း၊ စာရင်းရှင်စာရင်းတို့အဖြစ် လည်းကောင်း ဖွင့်နိုင်ပါသည်။

ပူးတွဲအပ်ငွေစာရင်းဖွင့်ရန် လိုအပ်ချက်များ

  • ပူးတွဲအပ်ငွေစာရင်းတွင် ပါဝင်မည့်သူအားလုံးသည် အနည်းဆုံးအသက် ၁၈နှစ်ပြည့်ပြီးသူများ ဖြစ်ရပါမည်။
  • ငွေစာရင်းတွင် ပါဝင်သူများအားလုံး မှတ်ပုံတင်မူရင်း (သို့) နိုင်ငံကူးလက်မှတ်မူရင်း တင်ပြရပါမည်။

Credit : Yoma Bank