Yoma Bank စိုက်ပျိုးရေးလုပ်ငန်းသုံးချေးငွေ ဝန်ဆောင်မှု 

စိုက်ပျိုးရေးဆိုင်ရာ လုပ်ငန်းများအတွက် လိုအပ်သော ချေးငွေကို ရယူနိုင်ပြီး လုပ်ငန်းလည်ပတ်မှု ကောင်းမွန်စေရန် ကူညီပံ့ပိုးပေးနိုင်ပါသည်။ စိုက်ပျိုးရေးလုပ်ငန်းသုံးချေးငွေတွင် ပါဝင်သော အမျိုးအစား ၆ မျိုးမှာ ကာလတို သီးနှံရာသီပေါ် ချေးငွေ (ဆန်စပါး) ၊ ကာလတို သီးနှံရာသီပေါ် ချေးငွေ (ပြောင်း) ၊ ပေးရန်ရှိ စိုက်ထုတ်ချေးငွေ ၊ စိုက်ပျိုးမွေးမြူရေး သွင်းအားစု / ထွက်ကုန် အာမခံချေးငွေ ၊ ရရန်ရှိ ကြိုတင်ထုတ်ချေးငွေ နှင့် အသေးစားနှင့် အလတ်စားစိုက်ပျိုးရေးလုပ်ငန်းသုံး ချေးငွေ ဖြစ်ပါသည်။  

အကျိုးခံစားခွင့်များ 

  • လုပ်ငန်း ငွေကြေးလည်ပတ်မှု တိုးပွားစေခြင်း  
  • လုပ်ငန်း တိုးချဲ့မှု၊ ချဲ့ထွင်မှုကို အထောက်အပံ့ဖြစ်စေခြင်း 
  • လွယ်ကူမြန်ဆန်စွာ ချေးငွေ လျှောက်ထားနိုင်ခြင်း 
  • စိုက်ပျိုးရေး လုပ်ငန်းသဘာဝနှင့် လိုက်လျောညီထွေရှိပြီး ထိရောက်မှု ရှိသော ချေးငွေဖြစ်ခြင်း 

စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာ ချေးငွေသည် 

  • ဆန်စပါး/ပြောင်း စိုက်ပျိုးသူ တောင်သူကြီးများ 
  • ပြည်ပပို့ကုန်လုပ်ငန်းရှင်များ၊ ကုန်သည်များ 
  • ဆန်/ပြောင်း စက်ပိုင်ရှင်များ  
  • ကန်ထရိုက်/လယ်ယာလုပ်ဆောင်သော ကုမ္ပဏီများ အတွက် သင့်လျော်ပါသည်။

Credit : Yoma Bank